Zawgyi
မင်ယွန်းဂီရဲ့စကားကြောင့်ဂျောင်ကုမှာပြောစရာစကားပျောက်ရှသွားရသလိုထယ်ယောင်းမှာလည်းချက်ချင်းပင်ဂျောင်ကုရဲ့မျက်နှာအားကြည့်ကာအရိပ်အကဲကြည့်လိုက်သည် ဂျောင်ကုလက်မောင်းကိုဆုပ်ကိုင်ထားတဲ့လက်သွယ်သွယ်လေးတွေပိုမိုတင်းကြပ်သွားတာကိုယွန်းဂီတွေ့လိုက်ရပါသည် ဂျောင်ကုလည်းခဏအကြာမှထယ်ယောင်းအားနူးညံ့စွာကြည့်ပြီးနဖူးပြင်လေးကိုနမ်းလိုက်သည်
Jk-အဆောင်မှာစောင့်နေကိုယ်လာခဲ့မယ်
ထယ်ယောင်းလည်းခေါင်းငြိမ့်ပြကာယွန်းဂီကိုတောင်အရိုအသေမပြုတချက်မှမကြည့်ဘဲခပ်သွက်သွက်ထွက်သွားလေသည် ယွန်းဂီတယောက်ထိုအပြုအမူလေးကိုပဲသဘောကျကာနှုတ်ခမ်းတဖက်စွန်းကော့တက်သည်အထိပြုံးလိုက်သည်.....ဂျောင်ကုလည်းထွက်ခွာသွားတဲ့ထယ်ယောင်းကိုနူးနူးညံ့ညံ့နှင့်ပြုံးပြီးကြည့်နေပြီးမှ....ထယ်ယောင်းအရိပ်ကလေးပျောက်သွားပြီဆိုတာသေချာမှခက်ထန်သောမျက်နှာဖြင့်ယွန်းဂီအားကြည့်လိုက်သည်
Jk-Minခုနပြောတဲ့စကားဘယ်အဓိပ္ပါယ်ကိုသက်ရောက်နေလဲဆိုတာသိတယ်နော်
Yg-သိပ်သိတာပေါ့ သိသိရက်နဲ့ပဲJeonကိုတောင်းဆိုတာပေါ့
ဂျောင်ကုထွက်လာသောဒေါသကိုမျိုသိပ်ကာအံတင်းတင်းကြိတ်မိသည် ဖြစ်နိုင်လျှင်သူငယ်ချင်းဖြစ်သူနှင့်အချင်းမများချင်
Jk-ဒီကိစ္စကိုမရှိခဲ့သလိုပဲသတ်မှတ်လိုက်မယ် ဒီကိစ္စနဲ့ပတ်သတ်ပြီးမင်းနဲ့စကားမများချင်ဘူးMin သွားနားလိုက်တော့
Yg-မင်းသူ့ကိုအငယ်အနှောင်းဘဝနဲ့ပဲနေခိုင်းမလို့လားJeon နန်းတွင်းထဲမှာအငယ်အနှောင်းကဘယ်လောက်နှိမ့်ချခံရလဲဆိုတာမင်းသိပြီးသားပါ
Jk-ဘာကိုပြောချင်တာလဲ
ယွန်းဂီသူ့ရှေ့ကလက်ဖက်ရည်ခွက်ကိုကိုင်ပြီးပန်းရနံ့ကြိုင်နေသည့်လက်ဖက်ခြောက်အနံ့ကိုရှိုက်လိုက်ကာတငုံသောက်လိုက်သည် ဂန္ဓမာလက်ဖက်ရည်ကမွှေးပြီးစိတ်ကိုကြည်လင်စေတာအမှန်ပဲကိုး