Zawgyi
ထည့်သွားသည့်အတိုင်းတစ်ခါမျှပင်တို့ထိဟန်မပေါ်ခဲ့သောနန်းတွင်းသူသယ်လာသည့်ထမင်းဝိုင်းကိုကြည့်ကာယွန်းဂီသက်ပြင်းချမိသည်
Yg-အစာမစားပြန်ဘူးလား
ယောင်းငယ်အဆောင်ထဲမှထမင်းဝိုင်းကိုသယ်ကာထွက်လာတဲ့နန်းတွင်းသူကခေါင်းငြိမ့်ပြလေသည် ဂျောင်ကုနတ်ရွာစံပြီးတနည်းယောင်းငယ်သူ့အားမုန်းသည်ဟုအော်ဟစ်သောင်းကျန်းကာသတိလစ်သွားပြီးတဲ့နောက်ပိုင်းသူ့အားလုံးဝအတွေ့မခံပေ သူ့မှာတော့ယောင်းမျက်နှာလေးကိုလွမ်းလွန်း၍မြင်ချင်လွန်းလို့သာတောင်ဇလပ်ပန်းလေးရဲ့အဆောင်ကိုအလုပ်တွေပြီးတိုင်းလာမိသည် သူအဆောင်ထဲကိုဝင်သွားလို့ရပါသော်လည်းသူ့မိဖုရားငယ်သူ့ကိုမြင်လျှင်ပိုပြီးစိတ်ရှုပ်မုန်းတီးသွားမှာမလိုလားပေ ဘယ်ချိန်ထိကိုယ့်ကိုလျစ်လျူရှု့နေမှာလဲကွာ
ထမင်းလာပို့သည့်နန်းတွင်းသူကိုလည်းမစားဘူးဟုဆိုကာနှင်ထုတ်လိုက်ပြီးအိပ်ယာထက်တွင်သာကွေးကွေးလေးလှဲနေမိသည် ညာဘက်လက်ညိုးမှာဝတ်ဆင်ထားတဲ့ကျောက်စိမ်းနှင့်ပတ္တမြားရောစပ်ထားသည့်လက်စွပ်တနည်းအရှင်သူ့အားမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့သောလက်စွပ်အားအကြောင်းမဲ့ငေးကြည့်ကာမျက်ရည်တို့ဟာကျလာပြန်သည် အရှင့်ရဲ့သက်မဲ့ခန္ဓာကိုနောက်ဆုံးအနေနဲ့တောင်ကြည့်ခွင့်မရခဲ့သည့်အပြင် အရှင့်ခန္ဓာကိုလာသယ်သည့်မယ်မယ်ကြီး၏မုန်းတီးရွံရှာစူးရဲသည့်အကြည့်ကိုသာရရှိခဲ့လေသည်
Minသူ့အဆောင်ကိုနေ့တိုင်းလာတာလည်းသိသည် သို့သော်သူMinအားလုံးဝအတွေ့မခံခဲ့ပေ အရှင်ဒီလိုဖြစ်ရတာMinကြောင့် ခံပြင်းသောစိတ်အစုံတို့ကြောင့်အသက်ရှူမြန်လာခဲ့သည် ထို့နောက်အစာမဝင်၍ပျော့ခွေနေသောခန္ဓာကိုအားယူထကာစာကြည့်စားပွဲသေးသေးလေး၏အံဝှက်အတွင်းကတစုံတခုကိုမျက်နှာသေဖြင့်စိုက်ကြည့်လိုက်သည်