Zawgyi
Yg-ခြေထောက်ကဘယ်လိုနေသေးလဲသက်သာလား
ဆေးစည်းထားတဲ့ထယ်ယောင်းရဲ့ခြေထောက်ကိုခပ်ဖွဖွနှိပ်ပေးရင်းပြောတော့ထယ်ယောင်းကမနေတတ်စွာသူ့လက်လေးတွေဖြင့်ယွန်းဂီရဲ့လက်ကိုဖယ်ထုတ်လေသည် ယွန်းဂီလည်းထိုကာဆီးကာဆီးလုပ်နေတဲ့လက်လေးတွေကိုဖမ်းယူကာနမ်းရှိုက်လိုက်တော့လက်ကလေးတွေရုတ်သွားလေရဲ့
Yg-အပြင်မှာအေးနေတော့ညကျရင်ခြေထောက်ကကိုက်နေတော့မှာပဲ ကိုယ်သမားတော်ကြီးကိုဆေးကျိုဖို့သွားပြောလိုက်ဦးမယ်စောင်ပုံထဲပဲနေအေးတယ်
ထယ်ယောင်းခြေထောက်ပိုင်းပိုနွေးထွေးအောင်မွှေးပွစောင်ခြုံပေးလိုက်ပြီးထလိုက်သည် သူ့အလှလေးကတော့သူ့အားအိပ်ရာထဲကနေမျက်လုံးဝိုင်းဝိုင်းလေးဖြင့်ကြည့်လျက် ယွန်းဂီမှာထိုကောင်လေး၏အပြုအမူလေးကအစထိုအလှလေးတကိုယ်လုံးကိုမြတ်နိုးမဆုံးလို့ဘယ်သူမှမမြင်အောင်သာဖွက်ထားချင်မိသည်
Yg-အိပ်ချင်အိပ်နှင့်ကိုယ်အလုပ်တွေရှိသေးတယ်
သူ့မိဖုရားငယ်ရဲ့နဖူးပြေပြေလေးကိုနမ်းရှိုက်ကာဆိုတော့ခေါင်းငြိမ့်ပြကာမျက်လုံးလေးတွေမှိတ်သွားလေသည် ယွန်းဂီလည်းတစ်ခုတည်းသောဖယောင်းတိုင်လေးကိုငြိမ်းလိုက်ကာအဆောင်ထဲမှထွက်လာချင်းအနားရောက်လာသော Banyu....
Yg-Minပြည်နယ်ထဲဘယ်သူတွေအဝင်အထွက်ရှိနေသလဲဆိုတာစစ်ဆေးထား
Banyuလည်းသူ့အမိန့်ကိုခေါင်းငြိမ့်ပြကာထွက်သွားလေသည် တောထဲမှာတွေ့လိုက်ရတဲ့ဓားဒဏ်ရာနှင့်ဝံပုလွေညိုကြီးကိုမြင်ပြီးသူ့စိုးရိမ်စိတ်တို့ဟာမြင့်တက်လာသည် ထိုဝံပုလွေကြီးကိုသူ့အလှလေးသတ်လိုက်တယ်ဆိုတာဖြစ်မှမဖြစ်နိုင်ဘဲ သေချာသည်ကတော့လူစိမ်းတွေထိုတောထဲရောက်နေခဲ့သည် ပြီးတော့ထိုလူစိမ်းတွေကတခြားသူမဟုတ်ဘဲသူထင်ထားသည့်သူများဖြစ်နေခဲ့လျှင်......