Part -1 (The Story Beginning)

1.5K 47 1
                                    

"Everybody wake up
Everybody  wake up..."

ပိုင်လိ တစ်ယောက် သူမနားထဲတွင် အဆက်မပြတ် ကြားနေရသည့် စက်ရုပ်သံကြောင့်
အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့သည်။
*ဘာလား။ ဘာလို့ အဲ့အသံကြီးက ဆက်တိုက်
ထွက်နေရတာလဲဟာ။ ငါညက နှိုးစက်လည်း မပေးမိပါဘူး*

အိပ်ချင်မူးတူးဖြင့်ပင် သူမလက်တွေက အိပ်ရာပေါ်နဲ့ အနားတဝိုက်ကို ရွေ့လျားနေသည်။
*ကျစ် အဲ့ ထူးဆန်းတဲ့ နှိုးစက်သံ ကို အခုချက်ခြင်း
ပိတ်ပစ်ရမယ်*

ကိုယ့်အတွေးနဲ့ ကိုယ် ပိုင်လိ တစ်ယောက် မျက်လုံးပင် မဖွင့်ပဲ နှိုးစက်လိုက်ရှာနေသည်။

"Rachel Camebell, နင်ထမှာလား မထဘူးလား"
အော်သံတစ်ခု ထွက်ပေါ်လာပြီးသည့် နောက်တွင်
တော့ စိတ်မြန်လက်မြန် ရှိပုံရသည့် ဆံပင်အနီရောင်အကောက်နဲ့ အနဲငယ် ညိုတဲ့
အသားအရေ ရှိတဲ့ မိန်းကလေးက
Rachel Camebell(ရေချယ် ကမ်းဘဲလ်)
လို့ သူခေါ်လိုက်တဲ့ အခုထိတိုင် အိပ်ပျော်နေဆဲ
ဖြစိတဲ့ မိန်းကလေး အပေါ် ရေတစ်ခွက် လောင်းချလိုက်လေသည်။

"အားးးး" ပိုင်လိ တစ်ယောက် အိပ်ချင်မူးတူးအနေအထားတွင် ရေတစ်ခွက်လုံး
လောင်းချခံလိုက်ရတာကြောင့် စိတ်တိုတိုဖြင့် အော်လိုက်မိသည်။ တကယ်ပဲ သူမကို ဘယ်သူကများလာပြီး ရေနဲ့လောင်းနှိုးနေရတာလဲ။
ဟွားယွဲ့လား။
သူမ မ‌နေ့က အလုပ်က နောက်ကျမှ ပြန်ရောက်တာကို သူမသိဘူးလား။

သူမ ပြန်ပြောဖို့ စကားလုံးတွေ တန်းစီ ပြင်ပြီး အိပ်ရာကထလိုက်တော့ အနှီလူမှာ
သူမထင်ထားသလို ဟွားယွဲ့လည်းမဟုတ်။
သူမ သိတဲ့ သူလည်း တစ်ယောက်မှမဟုတ်သည့်
မိန်းကလေး တစ်ယောက်ဖြစ်နေသည်။
မိန်းကလေးကိုမှ သူမကနည်းနည်း နိုင်ငံခြားသူ
ပုံစံဖြစ်သည်။ သူမက ဘယ်သူလဲ။
သူမက ဘာလို့ သူ့အခန်းထဲ ရောက် ရောက်...

*Holy Shit! နေပါဉီး
ဒါက ဘယ်နေရာကြီးလဲ။
အခန်းတစ်ခန်းဆိုပေမယ့် ဒီအခန်းသည် သူမနေထိုင်ခဲ့တဲ့ သူမအခန်း မဟုတ်‌တာတော့
လုံးဝ ထင်ရှားသည်။ သူမအခန်းသာဆိုရင်
ဒီလို မျိုး မိန်းကလေးအကြိုက် အလှဆင်ပစွည်းတွေ ထူးဆန်းတဲ့ စက်ပစွည်းတွေ့နဲ့ ပြည့်နှက်နေမှာ မဟုတ်ပေ။

It Seems As Easy To Be Reborn As A Back-up Character In A Huanted SchoolWhere stories live. Discover now