Part-2

520 37 2
                                    

ပိုင်လိတစ်ယောက် အသက်ရှူကျပ်သလို ခံစားနေရပြီး ဦးနှောက်ထဲတွင် မှတ်ညဏ်
တွေသည် သွားလိုက်လာလိုက်ဖြစ်နေသည်။
သူမရဲ့ မှတ်ညဏ်တွေသည် စုပ်ယူခံနေပြီး
အခြားတစ်ယောက်ရဲ့ မှတ်ညဏ်တွေကိုပါ
အတင်းထည့်ပေးနေသလို ခံစားနေရသည်။

အခု ခံစားချက်က ဘာနဲ့တူလဲဆိုရင်တော့
သူမအထက်တန်းနောက်ဆုံးနှစ်တုန်းက
တစ်နှစ်လုံးစာ စာတွေကို စာမေးပွဲ ဖြေဖို့
တစ်လ အလိုမှ စာတွေ စုကျက်ပြီး ဦးနှောက်ထဲစုပြုံ ထည့်ခဲ့တုန်းကလို ဖြစ်သည်။
အရမ်းကို နာကျင်နေရပြီး သူမရူးသွားပြီလို့တောင်
ထင်နေရသည်။ အဆုံးစွန်ထိ နာကျင်မှုတွေ
ခံစားရအပြီးမှာတော့ သူမ ဦးနှောက်ထဲတွင်
အစိမ်းရောင် အလင်းတန်းလေး တစ်ခုဖြာထွက်လာပြီး မှတ်ညဏ်တွေကို ပေါင်းစပ်လိုက်သလို ဖြစ်သွားပြီး သူမ နာကျင်မှုတွေလည်း တစ်ဖြည်းဖြည်း သက်သာသွား တော့သည်။

"ဒီတစ်ယောက်ကတော့ တကယ့် အမှိုက်ပါဟာ
အေမီ ၊ နင် သူနဲ့ ဘယ်လိုများ တစ်ခန်းတည်း
သည်းခံပြီးနေနေတာလဲ"

"ဟုတ်ပါ့ အေမီရယ်။ ကြည့်ပါဦး အချိန်ကဖြင့်
ကျောင်းတောင်ဆင်းနေပြီ။ သူက ကုလားသေ
ကုလားမော အိပ်တုန်း
ဘတ်ကီ ငါတို့ သူ့ကို ရိုက်ပြီး နှိုးကြမလား"

"ရှယ်လ်ီရယ် ရိုက်လို့ရရင် ရိုက်ချင်တာပေါ့
ဒါပေမဲ့ သူက ငါတို့နဲ့ အတန်းတူတယ်လေ
တော်ကြာ ကျောင်းအုပ်နဲ့ သွားတိုင်ရင် ငါတို့ပါ ရောပြီး စတေကာ အကပ်ခံနေရမယ်" ဘတ်ကီဆိုတဲ့ ကောင်မလေးက ပြန်ဖြေလိုက်ပြီး
ကုတင်အနားကိုသွားပြီး ရေချယ်နားနားကိုကပ်ကာ
"ဟေး ရေချယ်ရေ အရူးမရေ ထတော့ဟေ့
ဟိုမှာ ကျောင်းအုပ်က ဒေါသူပုန်ထနေပြီ
နင်မထရင် နင့်ကို ကျန်နေတဲ့ စတေကာတွေ
အကုန်ကပ်ပြီး အိမ်ပြန်ပို့တော့မှာတဲ့" ဆိုပြီး အသံကုန်နဲ့ အော်ဟစ်လိုက်‌သည်။

သို့သော်..
ထိုသို့ ဘက်ကီ အော်လိုက်ခြင်းသည် မှတ်ညဏ်နှစ်ခုနဲ့ အိမ်မက်ထဲတွင် ယောင်လည်လည် ဖြစ်နေသည့်
ရေချယ် သို့မဟုတ် ပိုင်လိ အား အပြည့်အ၀ ဝိညာဉ်ကပ်သွားစေပြီး နိုးထလာနိုင်ဖို့ အတွက်
အကူအညီ ကြီးဖြစ်ခဲ့သည်။ သူမသာ ထိုသို့ မအော်ပါက ရေချယ်ရဲ့ အသိစိတ်သည် ဘယ်အထိ
လွင့်နေဦးမယ်ဆိုတာ မသိနိုင်ပေ။

It Seems As Easy To Be Reborn As A Back-up Character In A Huanted SchoolWhere stories live. Discover now