Part-6

277 46 1
                                    

သူမ သေချာ မျက်လုံးကို လျင်လျင်ထားပြီးရှာဖွေကြည့်ပေမယ့်
ဇာတ်လိုက်တွေကို မတွေ့။

"လီယာ လာလေ၊
ဘာလုပ်နေတာလဲ "

" အေးပါဟ လာပြီ ၊"

"ဟေး ဟိုမှာ ကျောင်းရဲ့ အလှလေး လီယာမလား
အရမ်းလှတာပဲနော်"

" တော်ပါဟယ်၊
သူက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး
ပြင်ဆင်ထားလို့သာပါ။"

"ဟုတ်တယ်၊ ငါသတင်းကြားတာ တော့
သူ့ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာက တော်တော်ဆိုးတဲ့
မှတ်တောင် မမှတ်မိနိုင်ဘူးတဲ့"

"နင်တို့ ဘာစကား ပြောတာလဲ"

"အဲ အဲ အဲလစ်...."

"နင်တို့ သောက်ပါးစပ်တွေကို ပိတ်ထားရင်ကောင်းမယ်နော်၊ ငါတို့ အဖွဲ့ကို လာထိရင် ငါတို့က ယဉ်ကျေးနေမှာမဟုတ်ဘူး"

"လာပါ အဲလစ်ရယ်
သူတို့ ဘာပြောပြောဂရုစိုက်မနေပါနဲ့"

"ဟုတ်တယ်ဟ
အသုံးမကျတဲ့ဟာတွေက သူများကို ဝေဖန်ပြောဆိုဖို့ပဲ တက်တာလေ။ သူတို့နဲ့ ဖတ်ပြောတာက ကိုယ့်အဆင့်ကို ကိုယ်ချလိုက်သလိုပဲ"

*ဒါက ဇာတ်လိုက်မ သုံးယောက်ပဲဟ
လီယာက ကျောင်းရဲ့ နံပါတ်၁ အလှဘုရင်မလေး
သူမက အရမ်းကိုလှပြီး စာလည်းတော်တယ်
တစ်ကျောင်းလုံးမှာ သူမကို ပိုးပန်းနေသူ‌‌တွေဘယ်‌လောက်များလဲဆို
ရိုက်သတ်လို့တောင် မကုန်နိုင်ဘူး*

*နောကိတစ်ယောက်က အန်နာ
သူကကျတော့ ရုပ်ရည်ရော ပညာရေးရော
အဲ့လောက်ကြီး မဟုတ်ပေမယ့် သူမမိဘတွေက
လီယာနဲ့ ရင်းနှီးတာကြောင့် သူမက လီယာနဲ့ ငယ်သူငယ်ချင်းဖြစ်လာပြီး အတူတူ နာမညိကြီးလာတယ်*

*နောက်ဆုံးက ခပ်စွာစွာ တစ်ယောက်ကကျ
အဲလစ်။ သူမက ကျောင်းရဲ့ ဖိုက်တာ သဘောမျိုး
သူမကို ကျောင်းက ကျောင်းသူလေးတွေ အကုန်ကြောက်ရတယ်။ လီယာနဲ့ အန်နာကိုလည်း
သူကကာကွယ်ပေးတက်သေးတယ်။*

ဇာတ်လိုက်မတွေ အကုန်လုံးက ဒီလောက်ပြီးပြည့်စုံနေမှတော့ ငါလေးက ဘယ်လိုလုပ်ပြီး လူရာဝင်တော့မှာလဲလို့။
သူတို့ရဲ့ အရှိန်အဝါကိုကျော်နိုင်ဖို့ဆိုတာ
မဖြစ်နိုင်သလောက်ပဲ။ ဒါဆို ငါ ဘာလုပ်ရမလဲ
ဇာတ်လိုက်တွေနဲ့ ရန်သူမဖြစ်လို့
သူတို့နဲ့ ပေါင်းပြီး အတူတူ လွတ်မြောက်အောင်ကြိုးစားပါမယ်ဆိုမှ။

It Seems As Easy To Be Reborn As A Back-up Character In A Huanted SchoolWhere stories live. Discover now