Part-3 (She had accepted the truth)

351 29 7
                                    

ဘာလို့ သူမ အဲ့လိုပြောရသလဲ။
ပြောရတဲ့ အကြောင်းရင်းက သောက်ရမိးကို ခိုင်လုံပါတယ်။

အရင်ဆုံးအနေနဲ့ သူမ သိလိုက်ရတာက
အခု သူမရောက်နေတဲ့ အချိန်ကာလက ၃၅၂၁ခုနှစ် ဖြစ်နေတယ်။ ၂၀၂၀ခုနှစ်မှာနေနေတဲ့ သူမက
အနာဂတ်ရဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်ကို ခုန်ပျံကျော်လွှားပြီး လက်ရှိအချိန်ကို ရောက်လာ
ခဲ့တာ။ ဒါတင်ပဲလား။နိုး နိုး နိုး အခုချိန်ကစပြီး
လုံးဝ ယုတ်တိမတနိတဲ့ ဇာတ်ကြောင်းကြီးကို
ရှင်တို့တွေ ကြားကြရတော့မှာပါ။

လူသားတွေဟာ ခေတ်မီနည်းပညာတွေ
တိုးတက် ပြောင်းလဲလာတာနဲ့ အမျှ အလွယ်လမ်းကို လိုက်လာ
ကြတယ်။ အရင်တုန်းက ကိုယ်စွမ်းကိုယ်စ
နဲ့ လုပ်ဆောင်ခဲ့တဲ့ ကိစွဝိစွ တွေ နေရာမှာ စက်ရုပ်တွေကို အစားထိုးလာကြတယ်။
ဒီလိုနဲ့ ၃၀၀၀ ပြည့်နှစ်ကို ရောက်လာချိန်မှာတော့
တစ်ကမွာ လုံးဟာ စက်ရုပ်တွေ နည်းပညာပိုင်းနဲ့
အဆင့်မြင့်ထားတဲ့ system တွေနဲ့ပဲ ပြည့်နှက်လို့လာတယ်။

ကလေးတွေဟာ ကျောင်းတွေ မသွားကြတော့ဘဲ
အိမ်မှာပဲ ဆရာပုံစံ ဆော့ဝဲလ်တွေ ထည့်ထားတဲ့
စက်ရုပ်တွေနဲ့ သင်ကြားကြတယ်။လြူကီး တွေ
ဟာလည်း အလုပ်အကိုင်တွေ အကုန်လုံး
ကိုစက်ရုပ်တွေကို လုပ်ခိုင်းပြီး သက်သောင့်သက်သာနေရတဲ့ ဘ၀ကို နှစ်ခြိုက်
လာကြတယ်။ ဒါပေမဲ့ ဘယ်အရာမှာမဆို ဘေးထွက်ဆိုးကျိုး တွေ ရှိသလိုပဲ ဒီလို
နည်းပညာတွေ ထွန်းကားလွန်းလာတာ
ဟာလည်း ဆိုးကျိုးတွေရှိလာပါတယ်။

ပထမဆုံး အချက်အနေနဲ့ သိပွံပညာ ထွန်းကားလွန်းတာကြောင့် လူတွေဟာ
ဘာသာရေးလုပ်ဖို့ ပျက်ကွက် လာကြပါတယ်။
ကိုးကွယ်ရာဘာသာ တွေ ပျောက်ကွယ်သွားတာ
မဟုတ်ပေမယ့် လူသားတွေရဲ့ ယုံကြည်မှု
စွမ်းအားတွေကတော့ နိမ့်ပါးလာခဲ့ကြတာပါ။
အဲ့လို နိမ့်ပါးလာခြင်းရဲ့ အကျိုးဆက်အနေနဲ့ကတော့ ဟိုးအရင်တည်းက
တည်ရှိလာတဲ့ ရှေးဟောင်းဝိညာဉ် တွေ ပြန်လည် နိုးထလာတာပါပဲ။ ဟုတ်ပါတယ်။ အဲ့ အကြောင်း
ကို လူတွေ သတိထားမိသွားချိနိမှာတော့
လူတွေဟာ ဘာသာရေးကို ပြန်လည် အလေးပေးလာပြီး သိပွံ နဲ့ ဘာသာရေးကို
အတူယှဉ်တွဲ လုပ်ဆောင်ပြီး နေထိုင်ဖို့
ဥပဒေ ထုတ်ခဲ့ပါတယ်။

It Seems As Easy To Be Reborn As A Back-up Character In A Huanted SchoolWhere stories live. Discover now