အေမီ ရေချိုးပြင်ဆင်ပြီးတဲ့ နောက်မှာတော့ သူမတို့တွေ မနက်စာစားရန်အတွက်
အောက်ထပ်ကို ဆင်းလာခံ့ကြသည်။ ကနိတင်းကိုရောက်တော့ လူတောင်အတော်စုံနေပြီဖြစ်ပြီး ကျောင်းသားတိုင်းက သူတို့နေရာမှာ သူတို့အုပ်စုနဲ့သူတို့ မနက်စာစားနေကြသည်
ဒီနေရာမှာ တစ်ယောက်တည်း အထီးကျန်အဖော်မဲ့နေရှာတာက ရေချယ်လေးတစ်ယောက်သာဖြစ်သည်။(AN/ အခုကစပြီး ပိုင်လိကို ရေချယ်လို့ပဲသုံးနှုံးသွားတော့မယ်နော်။
နာမည်တွေများတွေရောကုန်မှာစိုးလို့)ရေချယ်ကမ်းဘဲလ်က မထင်မရှားကျောင်းသူလေးတစ်ယောက်သာ ဖြစ်တာမို့ အချို့သူတွေက သူမကို သတိတောင်မထားမိကြချေ။ ရေချယ်ကလည်း
ဘယ်သူနဲ့မှ သူငယ်ချင်းမဖြစ်ခဲ့တာကြောင့်
တစိယောက်တည်း ယောင်လည်လည်နဲ့ ဖြစ်သည်။ရှယ်လီ က
"အေမီ ဟိုမှာ နင့်အခန်းဖော်မလား။ နေရာလည်းမရဘူးထင်တယ်""ဟုတ်တယ်ဟ။ ကောင်မလေးတွေ ငါ သူ့ကို ဒီကို ခေါ်လာလို့ရမလား"
ပထမဆုံးထပြီး ကန့်ကွက်သူက ဘက်ကီ၊
"နင်ပြောချင်တာက သူ့ကို ငါတို့နဲ့ အတူ မနက်စာစားခိုင်းမယ်ပေါ့။ ဘယ်နေ့ ကျောင်းကထွက်ရမလဲ မသိတဲ့ သူကိုလေ""ဒါပေမဲ့လည်း ဘက်ကီရယ်
သူက ငါတို့အတန်းဖော်ပဲလေ။ခေါ်လိုက်ရအောင်ပါ။
ဟုတ်တယ်မလား အေမီ""ဟုတ်တယ်။ ဘက်ကီရယ်
နင်ကလည်း အဲ့လို မလုပ်ပါနဲ့
ငါ သွားခေါ်လိုက်မယ်""ဟူး အိုကေ၊ စိတ်ကြိုက်သာ လုပ်ကြ့တော့။'
"ဟေး။ ရေချယ် ၊
နင် နေရာမရဘူး မလား။ ငါတို့ဆီမှာ တစ်ခုံပိုနေတယ်။ လာထိုင်လေ""တကယ် ၊
ငါလာလို့ရလား"
တကယ်တော့ ရေချယ် အခုနကတည်းက
အေမီတို့စားပွဲဆီ သွားချင်ခံ့တာ။ ဒါပေမဲ့
သူတို့က မူလရေချယ်ကို သဘောမကျဘူးထင်တာကြောင့် ရွေးချယ်စရာမရှိဘဲ မတ်တပ်ရပ်နေရခြင်းဖြစ်သည်။
အင်း ၊ကြည့်ရတာ ဒီနေရာက လူတိုင်းကတော့
လူထူးလူဆန်းတွေ မဟုတ်တဲ့ပုံပါပဲ။ ခံစားချက်တွေ ရှိနေကြသေးတယ်"ဒါဆို ငါကတော့ ကျေးဇူးတင်တာပေါ့
ကျေးဇူးပါ အေမီ"
ရေချယ်က သူမစိတ်ရင်းနဲ့ လာတဲ့ အပြုံးမျိုးကို
ပြုံးပြလိုက်ပြီး ကျေးဇူးတင်ကြောင်းဖော်ပြလိုက်သည်။
YOU ARE READING
It Seems As Easy To Be Reborn As A Back-up Character In A Huanted School
ActionWait, What! သူများတွေ ဝိညာဉ်ကူးပြောင်းတာတို့ ပြန်လည်မွေးဖွားတာတို့ ဆိုရင် ဇာတိလိုက်နေရာတွေ အရေးပါတဲ့နေရာတွေကနေ ခပ်မိုက်မိုက်ပုံစံတွေနဲ့ ပြန်လည် မွေးဖွားကြတာလေ။ ငါ့ အလှည့်ကျမှ ဒီလို ယုတ်တိလုံးဝ မတန်တဲ့ သရဲ တွေနဲ့ ပြည့်နေတဲ့ နေရာမှာ ပြန်လည်မွေးဖွားလ...