Part-4

281 32 0
                                    

ကဲ ထားပါတော့။ သူမ က ဒီကိုရောက်လာပြီးမှတော့ ကျိန်းသေပေါက် အဆင်ပြေအောင် ကြိုးစားရတော့မှာပေါ့။
ဒီလိုဆို အရင်ဆုံး သူမဘာတွေကို ဘယ်လိုလုပ်ရတော့မလဲ။ သူမ အရင်ဆုံး
အခြား Time travelတွေ Rebirthတွေ ဝိညဏ်ကူးပြောင်းတဲ့ စာအုပ်တွေအကုန်လုံးကို
အင်တာနက်ကနေ ရှာကြည့်လိုက်တော့
သူတို့တွေ အကုန်လုံးက အရမ်းကို တော်လွန်းပြီး
ဇာတ်လိုက်တွေကိုပါ အနိုင်ယူနိုင်တဲ့ အစွမ်းသတွိတွေ ရှိနေကြတာကို တွေ့လိုက်ရတယ်။

ဒါဆို သူမကရော
သူမက သူမရဲ့ အရင်ဘ၀မှာက သာမန် မိန်းကလေးတစ်ယောက်ပဲလေ။ ညဏ်နီညဏ်နက် ညဏ်ရောင်စုံတွေ ထုတ်ပြီး အသက်ရှင်ဖို့ ကြိုးစားရတာက သူမတစ်ခါမှ မကြုံတွေ့ဖူးတဲ့ အရာတွေပဲ။ အဲ့တော့ ဘယ်လိုလုပ်ပြီး
ဇာတ်လိုက်တွေကို ဆန့်ကျင်ဖို့လောက်အထိ အင်အားရှိနိုင်ပ့ါမလဲ။ ဒါဆိုရင် အရင်ဆုံး
သူတို့နဲ့ သွားပူးပေါင်းလိုက်ရတော့မလား။

ဒါလည်း မဟုတ်သေးဘူး။

လက်ရှိ ခနွာကိုယ်ပိုင်ရှင် ရေချယ်ကမ်းဘဲလ်က
ဒီ‌ကျောင်းကြီးရဲ့ ပြသာနာအိုးလို့ ပြောလို့ရလောက်တဲ့ ကျောင်းသူတစ်ယောက်။
သူမက ညဏ်ကောင်းပေမယ့်လည်း အရမ်းအပျင်းကြီး လွန်းတာကပြသာနာဖြစ်နေတာ။

အဲ့တာကြောင့်လည်း သရဲလက်ချက်မိပြီး ဂန့်သွားခဲ့ရတာပေါ့။ အဲ့လို ကျောင်းသူမျိုးကို
ဇာတ်လိုက်အုပ်စုက မိတ်ဖွဲ့ချင်ပါ့မလား။

ဒီလိုဆို နောက်ဆုံးနည်းလမ်းက တစ်ခုပဲရှိတော့တယ်။ သူမ အခြေအနေစောင့်ကြည့်ပြီး အခွင့်အရေးရတာနဲ့
ထွက်ပြေးတာပဲ။ အဲ့ဒါဆို ဒီမှာ အရူးလိုနေနေပြီး
သရဲတွေလာသတ်မှာကို စောင့်နေစရာလည်း မလိုတော့ဘူး။ ဟုတ်တယ်။ ဒီနည်းလမ်းကအမှနိဆုံးပဲ။

ပိုင်လိ ကိုယ့်ဘာသာတစ်ယောက်တည်း အစီအစဉ်တွေချပြီး ထောက်ခံနေလိုက်တယ်။

နောက်တစ်နေ့ မနက်ရောက်တော့

"အိုးမို‌င်ဂေါ့ ဘုရားရေ
ငါ မျက်စိတွေများမှားသလား
ရေချယ် နင် ဒီနေ့ တကယ်ကြီး နိုးနေတယ်ပေါ့။"

"အာ အေးဟုတ်တယ်လေ။"

တကယ်တော့ သူမကအရင်တည်းက အဲ့လောက်အအိပ်မက်တဲ့သူမဟုတ်ဘူး။အရင်ဘ၀တုန်းက IT Companyမှာ အလုပ်လုပ်ခဲ့သူတစ်ယောက် အနေနဲ့ နိုးနိုးကြားကြားရှိနေဖို့က လိုတာကိုး။
ဒါပေမဲ့ ရေချယ်ကတော့ မနက်တိုင်း‌နောက်ကျနေကျဆိုတော့ အခုလို နိုးနေတာက အထူးအဆန်းဖြစ်နေတာနေမှာ။

It Seems As Easy To Be Reborn As A Back-up Character In A Huanted SchoolWhere stories live. Discover now