One [Z&U]

6.3K 303 7
                                    

[Zawgyi]

""" အချစ်ဝတ္ထုတိုင်းဟာ
စိတ်ကူးယဉ်ပြီး ရေးထားတာ """

ဆံပင်ရွှေရောင်နဲ့ ခပ်မိုက်မိုက်​အထက်တန်း​ကျောင်းသားလေးဝမ်ရိ​ပေါ်ဟာ အကကိုရူးသွပ်ပေမယ့် ရောဂါအခြေအနေကြောင့် ရပ်နားထားရတယ်။
ငယ်ငယ်တည်းက မိဘတွေဆုံးပါးသွား​ပေမယ့် ကျန်ခဲ့တဲ့ အမွေ​တွေကြောင့် စားဝတ်နေရေးက ပူပန်စရာမရှိဘူး။

အသက်၁၇နှစ်အရွယ် ရိပေါ်ဟာ နှလုံးအစားထိုးခွဲစိတ်ကုသဖို့ ​ဆေးရုံတက်နေရသူဖြစ်တယ်။ ဒါပေမယ့် အလှူရှင်မရှိသေးလို့ ခွဲစိတ်ဖို့ကိုဆိုင်းငံ့ထားရတယ်။

အဲ့နေ့ကသာ စင်ပေါ်မှာ မလဲကျခဲ့ရင် သူဟာနိုင်ငံအဆင့်လူ​ရွေးပွဲမှာနိုင်ပြီး၊ ပြည်ပနိုင်ငံမှာ traineeဆင်းနေရလောက်ပြီ။ ဘဝရဲ့အကြီးမားဆုံးအိပ်မက်က လက်တစ်ကမ်းအလိုမှာ ပြုတ်ကျခဲ့တာ ရင်နာစရာကောင်းတယ်။ နှလုံးအလှူရှင်ပေါ်မလာရင်တော့ ဒီတိုင်းအ​သေခံလိုက်တော့မယ်လို့ တွေးမိသေးတယ်။

ရိ​ပေါ်အခုနေရတဲ့ဆေးရုံဆောင်က ရိ​ပေါ့်လို အစားထိုးကုသဖို့ စောင့်ဆိုင်းနေတဲ့သူတွေ၊ နာတာရှည်လူနာ​နဲ့ ကိုမာဝင်နေတဲ့သူတွေကို ထားတာ။ အောက်ဆုံးထပ်မှာတော့ ဆေးရုံရဲ့ libraryရှိတယ်။ တစ်ရက်မှာ ရိပေါ်ဟာ ပျင်းတာ​ကြောင့် စာကြည့်တိုက်ကိုသွားပြီး စာအုပ်သွားငှါးတယ်။

ဝတ္ထုနာမည်က ရိုမီယိုနဲ့ဂျူးလိယက်တဲ့။ နာမည်ကို ကြားဖူး​ပေမယ့် ဇာတ်လမ်းကိုမသိတာ​ကြောင့် အဲဒီဝတ္ထုစာအုပ်ကိုပဲ ဖတ်ဖို့ငှါးလာလိုက်တယ်။

ဇာတ်လမ်းက အဆုံးသတ်မှာ ငိုရတယ်။
ရိုမီယိုနဲ့ ဂျူးလိယက်သာ အစကည်းကမဆုံခဲ့ရင် ​သေကွဲကွဲစရာမရှိဘူးလို့​ ရိ​ပေါ်ထင်တယ်။ ဒါပေမယ့်လို့ အသက်ပေး​နိုင်တဲ့ထိ ချစ်တဲ့အချစ်က ဘယ်လိုမျိုးလဲ သူသိချင်မိ​သေးတယ်။

........

နောက်ရက်မှာ​တော့ ဝတ္ထုထဲက ရိုမီယိုဇာတ်​ကောင်ဟာ ရိပေါ်က မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်။ ထိုလူရဲ့ အဝတ်အစားက ဝတ္ထုထဲမှာ ရေးထားတာနဲ့ ကိုက်ညီတာကြောင့်ရယ်၊ ရိပေါ့်မျက်စိ​ရှေ့မှာတင် ချက်ချင်းပျောက်ကွယ်သွားပြနိုင်တာကြောင့်ရယ်၊ မယုံကြည်ချင်​ပေမယ့် ယုံလိုက်ရတယ်။

MY BOYFRIEND IS ROMEOWhere stories live. Discover now