[Zawgyi]
"""အချစ်ကြောင့် ရှင်သန်ချင်ခဲ့တယ်..."""
"အဲဒါနဲ့ပဲ ဝတ္ထုစာအုပ်ထဲကထွက်လာတယ်လို့ပြောလိုက်တယ်ပေါ့.... "
ဆေးရုံရဲ့ လသာဆောင်မှာ အဖွားက ရှောင်းကျန့်ပြောပြသမျှကိုနားထောင်ပြီး သဘောတကျရယ်နေတယ်။
"အဲလိုမပြောလို့ ကျွန်တော်က ၁၀နှစ်လောက်မေ့မြောပြီးလေလွင့်နေတဲ့ ဝိညာဉ်ကောင်ပါလို့ ပြောရမှာလားအဖွားရယ်။ အဲလိုမှသူလန့်သွားရင် ဘယ်လိုလုပ်မလဲ.... နှလုံးရောလဲရှိသေးတာကို... "
"ကောင်းပါတယ်... ဒီဝတ်စုံနဲ့ အံကိုက်ပဲပေါ့။ "
အဖွားက သူ့အကျီကိုလက်ညိုးထိုးရင်းဆိုတယ်။
ဟုတ်တယ်....ဒါက ဒီကာလတစ်လျှောက်လုံးသူဝတ်ထားရတဲ့ ဝတ်စုံပဲ။ ကားအက်ဆီးဒန့်ဖြစ်တော့ ဒီဝတ်စုံဝတ်ထားတာဆိုတော့ ဝိညာဉ်ဖြစ်နေတော့လဲဒီဝတ်စုံနဲ့။ သူက သေလူမဖြစ်သေးတော့ လူတွေပြုပေးတဲ့ကုသိုလ်နဲ့ အကျီလှူပေးတာဘာညာရှိခဲ့ရင်တောင် သူမရနိုင်ဘူး။ သူက ခန္ဓာကိုယ်လဲပြန်ဝင်မရ၊ သေလဲမသေဘဲ ကြားကျနေတာ။"ဘယ်လိုကြောင့်သူကျွန်တော့ကို မြင်ရတာလဲမသိဘူးနော်? ကျွန်တော်သူ့နားမှာရှိနေခဲ့ပေမယ့် အခုမှ ထမြင်ရတာက မထူးဆန်းဘူးလားအဖွား? "
"အင်း........ ရေစက်တွေပေါ့။
တွေ့ရမယ့်အချိန်မှ တွေ့ဆုံကြရတာပေါ့။
ဆေးရုံမှာ ဝိညာဉ်တွေအများကြီးရှိတဲ့ထဲကမှ ကျန့်ကျန့်ကိုပဲ သူမြင်ရတာက သူနဲ့ မင်းရဲ့ ကံကြမ္မာပေါ့... ""အမှန်တိုင်းပြောရရင် ကျွန်တော့ကိုသူမမြင်ရစေချင်ဘူး၊ ကျွန်တော့ကိုမြင်ရလို့ သူ့အတွက် ကောင်းတာဘာမှ မှမရှိတာ။ "
"ကျန့်ကျန့်က အခုကတည်းကကောင်လေးအတွက်အရမ်းစဉ်းစားပေးတာပဲ.... "
အဖွားပြောတဲ့စကားနဲ့ အဓိပ္ပာယ်ပါတဲ့အပြုံးကြောင့်
ရှောင်းကျန့်ခမျာခေါင်းငုံ့၊ ဂုတ်လေးပွတ်ပြီး ရှက်ရယ်ရယ်နေတာကလွဲလို့ ဘာမှမတတ်နိုင်ခဲ့။အသက်ရှင်စဉ်တုန်းက ဘယ်သူ့ကိုမှစိတ်မဝင်စားဖူးတဲ့ ရှောင်းကျန့်ဟာ ရိပေါ်သူ့ကိုမမြင်ရခင်ကတည်းက
ရိပေါ့်မျက်နှာကိုတစ်ရက်မတွေ့ရမနေနိုင်ခဲ့သူပါ။