ZawgyiWARNING - CD
"""ရှင်သန်နေမယ့်အချစ်..."""
" ရိပေါ်
နည်းနည်းတော့အံ့သြသွားမယ်ထင်တယ် "****ဒီလိုဖြစ်ရပ်ကို ဘယ်လိုလူကများ
မအံ့သြပဲနေနိုင်မှာပါလဲ...
နည်းနည်းမဟုတ်ဘဲ အများကြီးအံ့သြပြီး
စိတ်တွေအရမ်းလှုပ်ရှားနေတယ်ဆိုတာ သိပါရဲ့လား?***အစ်ကိုက ဒီကမ္ဘာကြီးမှာရှိတဲ့ လူသားတစ်ယောက်ဆိုတာ သိရရချင်းအသက်ရှူရပ်သွားလောက်အောင်ကို အံ့သြပျော်ရွှင်မိတယ်။
ဓာတ်ပုံရှေ့ကနေ ခြေတစ်လှမ်းမှမခွာသေးဘဲ တုန်ရီနေတဲ့နှုတ်ခမ်းတွေကနေ ပထမဆုံးနဲ့အရေးကြီးဆုံးမေးခွန်းကို သူစမေးလိုက်တယ်။
"အစ်ကို.... အစ်ကိုကအခုဘယ်မှာလဲဟမ်? "
ကျဲကျဲရွှမ်လုက သူ့မေးခွန်းအတွက်အဖြေမပေးသေးဘဲ ဧည့်ခန်းထဲကဆိုဖာတစ်ခုမှာဝင်ထိုင်လိုက်တယ်။
ဝင်ဝင်လာချင်းကျဲကျဲဟာသူ့ကိုဖော်ရွေစွာပြုံးပြနေပေမယ့် ရိပေါ်ထိုမေးခွန်းမေးလိုက်တဲ့အခါ သူမမျက်နှာကွက်သွားတာကိုတော့ သူသတိထားလိုက်မိတယ်။
"ထိုင်ပါဦး ရိပေါ် "
ရွှမ်လုစဉ်းစားမိတာက...
ရိပေါ်ရဲ့မေးခွန်းကိုချက်ချင်းကြီးဖြေပေးဖို့က
ရိပေါ့်အတွက်အဆင်ပြေမှာမဟုတ်ဘူးလို့ထင်တယ်။
ဒါကြောင့် သူမဟာရိပေါ့်ကို အကြောင်းစုံရှင်းပြပေးလိုတယ်။ကျဲကျဲရဲ့ ဖိတ်ခေါ်မှုကြောင့် ရိပေါ်ဟာ ကျဲကျဲရှေ့ကခုံဆီကို တစ်လှမ်းချင်းသွားပြီးဝင်ထိုင်လိုက်တယ်။
"အရင်ဆုံး ရိပေါ်ရဲ့
အသက်၂၁ ပြည့်မွေးနေ့ကိုဂုဏ်ပြုပါတယ်... ကျန့်ကျန့်ကိုယ်တိုင်ရွေးထားတဲ့ လက်ဆောင်တွေကို သဘောကျမယ်ထင်ပါတယ်။ ""အစ်ကိုကိုယ်တိုင်ရွေးပေးတယ်?"
"အင်း "