Twelve [Z&U]

1.3K 152 9
                                    

[Zawgyi]

""ပေးဆပ်ချစ်လား.... ?"""

ပင်လယ်ကမ်းခြေကနေမြို့ထဲဘက်သွားတဲ့ကားတွေက ညနေစောင်းလေရှားလာလေပဲ။
ကားဂိတ်မှာရပ်စောင့်နေတာ နာရီပိုင်းလောက်ရှိပြီဆိုပေမယ့် ဘာကားမှမ​ရောက်လာဘူး။
ညနေစောင်းလာရင်း တဖြည်းဖြည်းညဘက်ရောက်လာတယ်။

မိုးချုပ်လာသလို ဒီကားဂိတ်နားကတခြားနေရာတွေထက် အနည်းငယ်ပိုမှောင်သလို လူလဲပြတ်တယ်။
သီးသန့်အငှါးယာဉ်ကလဲခေါ်လို့မရတော့ ဒီညအတွက်က ကမ်းခြေကမိုတယ်မှာ ညအိပ်ဖို့ဖြစ်လာတယ်။

မိုတယ်မှာရတဲ့အခန်းက အပြင်ဝရံတာရှိတဲ့ Master Bedroomတစ်ခု။ ဝရံတာရဲ့မှန်တံခါးကို ဖွင့်လိုက်တော့ ပင်လယ်လေအေးလေးတွေက အခန်းထဲဝင်လာတယ်။ အဲတော့မှ ပူနေတဲ့ရင်ကနည်းနည်းသက်သာသွားတယ်။

မိုးချုပ်လာလို့ ကားဂိတ်မှာဆက်မစောင့်ဖို့နှင့် ကမ်းခြေကတည်းခိုခန်းတစ်ခုခုမှာ ဒီညအိပ်လိုက်ဖို့ တိုင်ပင်ခဲ့ကြတဲ့အထိ အဆင်ပြေနေတုန်းပဲ​လေ။ Receptionမှာအခန်းငှါး​တော့လဲ နေရာစိမ်းဆို​ပေမယ့်လို့ နှစ်ယောက်အတူအိပ်ရတာ ဘာဆန်းလဲ? ဆေးရုံမှာလဲ အတူဖက်အိပ်နေကျပဲကို။

ဒါပေမယ့်လို့ ဒီအခန်းထဲရောက်မှ
ခံစားချက်က တစ်မျိုးထူးဆန်းသွားတာ။ ဘာကထူးဆန်းနေတာ​လဲတော့ မပြောတတ်ဘူး။ လေထုကပါ ပူ​နေတာမျိုး။

ရှောင်းကျန့် လဲ ပူပြီးဘာလုပ်နေရမလဲမသိတာကြောင့် ဝရံတာတံခါးသွားဖွင့်လိုက်တယ်။
ရိပေါ်လဲ ကြောင်စီစီနဲ့ တဘက်ယူပြီးရေချိုးခန်းထဲဝင်ဖို့လုပ်တယ်။

"အစ်ကို ကျွန်တော်ရေချိုးလိုက်ဦးမယ်နော်!"

အဲလိုပြောမှ ပိုပူလာသလို။ နှစ်​ယောက်လုံး ဘာဖြစ်နေတာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။
ဆေးရုံမှာဆိုလဲအမြဲတမ်းအတူရှိနေကျပဲဟာကို
အခုမှ ဘာကပိုထူးခြားနေလို့လဲ?

ရေချိုးခန်းထဲကနေ bathrobeဝတ်ပြီး ထွက်လာတဲ့ရိပေါ်ကို ရှောင်းကျန့်က​ရေ​နွေးငှဲ့​နေရင်းလှမ်းကြည့်မိသွားတယ်။ ခေါင်းလျှော်လာတော့...
ဂုတ်မှာဝဲကျနေတဲ့ ရွှေအိုရောင်ဆံဖျား​တွေမှာ ရေစက်လေးတွေ တွဲလွဲခိုနေတယ်။
နို့နှစ်​ရောင်ဝတ်စုံကြားက​နေ ဖြူဥ​နေတဲ့ရင်ဘတ်​ဖွေး​ဖွေးကို တချက်ချက်လှမ်းမြင်နေရတယ်။

MY BOYFRIEND IS ROMEOWhere stories live. Discover now