Three [Z&U]

1.4K 181 0
                                    

[Zawgyi]

"""ဇာတ်လိုက်ရဲ့ ကံကြမ္မာကို ပြောင်းလဲခြင်း"""

တစ်နေ့တစ်နေ့ ရိပေါ်တစ်ယောက်တည်းပျင်းတယ်။ စိတ်ဝင်စားတာ လုပ်ဖို့ကလည်း၊ ရိ​ပေါ်စိတ်အဝင်စားဆုံးက အက၊ ပြီးရင် စကိတ်။ အဲဒီ၂ခုလုံး အခုလုပ်လို့ မရပြန်ဘူး။

အဲတော့ နောက်စိတ်ဝင်စားရာဆိုရင် ရိုမီယိုပဲရှိတော့တယ်။ အဲ့လူအကြောင်းကို သူအများကြီးစိတ်ဝင်စားတယ်။ သိချင်တာတွေ၊မေးချင်တာတွေလဲ တပုံကြီး။

ရိုမီယိုက စာအုပ်ထဲကနေ သူ့ကိုတော့ မြင်ရပြီး
သူကျ​တော့ ရိုမီယိုပြန်ဝင်သွားရင်
အထဲမှာဘာလုပ်နေလဲ မမြင်ရဘူး။ မမျှတလိုက်တာ။

စောင့်ကြည့်နေမှာနော်ဆိုတဲ့ စကားကြောင့် ​ဘေးမှာရိုမီယို မရှိတဲ့အချိန်​မှာ​တောင် သူမကရဲဘူး။ စကားနားမ​ထောင်ရင် စာအုပ်ထဲက ထွက်မလာတော့ဘူးလို့ ပြောထားတာကြောင့်လဲပါတယ်။ ထပ်ကလို့ ​နောက်တခါအမောဖောက်ရင် သူအသေပဲဆိုတာလဲ ရိ​ပေါ်သိတယ်။

ပြီး​တော့ သူ့ကိုအက မကဖို့ ပြောတဲ့ရိုမီယိုဆီကနေ ရိပေါ်တစ်ယောက် ကတိတစ်ခုရလိုက်တယ်။ အဲဒါကဘာလဲဆိုရင်သူလှမ်းခေါ်တဲ့အချိန်တိုင်း ရိုမီယိုက စာအုပ်ထဲကနေထွက်လာပေးရမယ်။ ၅မိနစ်အတွင်း ​အရောက်လာရမယ်။

ပေးထားတဲ့ကတိအတိုင်း...
ရိုမီယိုက သူခေါ်တဲ့အချိန်တိုင်း​ တကယ်ရောက်လာပါ​တယ်။

ဟို​နေ့က​ရတဲ့ ခေါင်းဒဏ်ရာကြောင့် လှုပ်ရှားဖို့မလွယ်ကူတဲ့​နေ့​တွေမှာ ရိုမီယိုကအ​ဖော်ပြု​ပေးခဲ့တယ်။ ထမင်းစားတာ၊ အဝတ်လဲတာ၊ အိမ်သာသွားဖို့လိုက်ပို့ပေးတာ စတာတွေကူညီပေးရင်း ရိုမီယိုက ရိပေါ့်ရဲ့လူနာ​စောင့်လို ဖြစ်လာတယ်။ ခေါင်းပတ်တီးဖြည်လို့ ကောင်းသွားတဲ့အချိန်မှာတောင် သူကရိုမီယိုဂရုစိုက်တာကို ခံချင်တုန်းပဲ။

ကြာလေ ရင်းနှီးလာလေ၊ ရိုမီယိုက သူ့ကိုအလိုလိုက်မှန်းသိလာလေ၊ ရိုမီယိုကို စာအုပ်ထဲပြန်မဝင်​အောင် ဆွဲထားချင်​လေပဲ။ ဘာလို့ဆိုတော့ ဝတ္ထုထဲကဇာတ်သိမ်းလို ရိုမီယိုကို အချစ်​​ကြောင့် အသက်မသေစေချင်ဘူး။
အဲဒါကြောင့် ရိုမီယို အမျိုးသမီးဇာတ်​ကောင်နဲ့ မချစ်မိရင် ကောင်းမယ်လို့ ရိပေါ်​တွေးမိတယ်။

MY BOYFRIEND IS ROMEOWhere stories live. Discover now