Six [Z&U]

1.1K 165 0
                                    

[Zawgyi]

""" ကံကြမ္မာက ကျီစားတတ်တယ်... """

ဒီတစ်ခါမျက်လုံးဖွင့်လာတော့လည်း ဆေးရုံမျက်နှာကျက်ကြီးပါပဲ။
ဒါပေမယ့် ရိပေါ့်အခန်းတော့မဟုတ်ဘူး။

ရိပေါ့်မျက်နှာပေါ်မှာ အောက်ဆီဂျင်maskနဲ့ ။
လက်မှာလဲ ဆေးသွင်းအပ်တွေ။
ဘေးဘီကို မျက်လုံးဝေ့ကြည့်တော့ CPRစက်တွေရော၊ အောက်ဆီဂျင်အိုးတွေရော။

ဒီအခြေအနေအရဆို သူအထူးကြပ်မတ်ကုသခန်းထဲရောက်နေတာ။ ဘာလို့ မသေသွားတာလဲ....။

သူနာပြုတစ်ယောက်က သူ့ကိုမြင်တော့ လှမ်းအော်ပြောတယ်။

"အရေးပေါ်လူနာ သတိရလာပြီ!!!! "

ဆရာဝန်တွေ ဝိုင်းအုံလာပြီး ရိ​ပေါ့ကိုစစ်ဆေးကြတယ်။ အသက်ရှူတာအဆင်ပြေတယ်ယူဆရမှ အောက်ဆီဂျင်ပိုက်ကိုဖယ်ပေးတယ်။ ဒါပေမယ့် သူဒီကြပ်မတ်ခန်းထဲမှာပဲနေရဦးမယ်တဲ့။

ဆရာဝန်​တွေထွက်သွားပြီးတော့ အိမ်တော်ထိန်းဦး​လေးက ဝင်လာတယ်။

"ဦးလေးဖြင့် ကြားကြားချင်းလန့်သွားတာပဲငါ့တူရယ်။ မသေကောင်း မပျောက်ကောင်း... ဘုရားကယ်လို့သာ။"

"ဦးလေး ကျွန်တော်ဘာဖြစ်တာတဲ့လဲ? "

ဦးလေးမျက်နှာပျက်သွားတာကို သူမြင်ဖြစ်အောင်မြင်လိုက်​သေးတယ်။

"ပြောပြပါဦးလေး... ကျွန်တော်ဘာမှမဖြစ်ပါဘူး။ "

"အရင်ကပြင်းပြင်းထန်ထန်မလှုပ်ရှားရင် နေလို့ရတဲ့အနေအထားပေမယ့် အခုလူလေးရဲ့ နှလုံးအခြေအနေက ပိုဆိုးလာတယ်တဲ့။ အမြန်ဆုံး ခွဲစိတ်မှစိတ်ချရမှာ။ ခက်တာက... "

"အလှူရှင်မရှိဘူးမလား..."

ဦးလေးမျက်နှာမှာလည်း ငိုတော့မယ့်ဆဲဆဲ။

"ကျွန်တော်အဆင်ပြေပါတယ်ဦးလေးရယ်...
ဘယ်တတ်နိုင်မလဲ... ကံပဲပေါ့။ "

ဦးလေးက ရိပေါ်စိတ်ဓာတ်မကျဖို့၊ အပြင်မှာထပ်ပြီး အလှူရှင်ရှာပေးမယ့်အကြောင်း၊ ဘယ်လိုမှရှာမရရင်
အိန္ဒိယထိသွားပြီး ဝယ်ပေးမယ်ဆိုပြီး အားပေးရှာတယ်။
[အိန္ဒိယမှာကိုယ်တွင်းအင်္ဂါ​ရောင်းစားတာမျိုး​တွေရှိတယ်။ ငွေလိုလို့ ကိုယ်တိုင်ထုတ်ပြီးရောင်းစားတာမျိုးရှိသလို၊ ​စီးပွားဖြစ်​ရောင်းစားဖို့ ကလေးတွေကိုသပ်သပ်မွေးထားတာမျိုးလဲ ရှိတယ်။]

MY BOYFRIEND IS ROMEOWhere stories live. Discover now