Part 4

2.5K 208 9
                                    

"မဟာ! မဟာ ဟုတ်လား မိယွန်း"

"အင်း မဟာဇံတဲ့"

မဟာဇံတဲ့လား။

"နင်ပြောတဲ့မဟာဆိုတာက ဟို၁ဝတန်းက ကင်းဆိုတဲ့အစ်ကိုကြီးလား"

"အေးလေ ငါခုနတည်းက နင့်ကိုပြောသားပဲ"

မဖြစ်ဘူး။ မင်းသားလေးနဲ့ယွန်းနဲ့က မဖြစ်သင့်ဘူး။ မင်းသားလေးကအရမ်းပွေရှုပ်တာလေ။
သူ့ရဲ့တစ်ဦးတည်း‌သောသူငယ်ချင်းမလေးကိုတော့ တစ်လခံရည်းစားစာရင်းထဲအပါမခံနိုင်ပါ။

"ဟဲ့ အဲ့လူကအရမ်းပွေတာနော်။ ကောင်မလေးကို တစ်လတစ်ယောက်ပြောင်းတွဲနေတာ"

"အံမယ် နင်ပြောပုံက မသိရင်ငါကပဲရည်းစားမများသလိုလိုနဲ့"

"နင်ကလည်း ရည်းစားများတဲ့လူဆိုပေမဲ့...."

ကျွန်တော်ဘာဆက်ပြောရမှန်းမသိတော့ပါ။ သူ့သူငယ်ချင်းမကလည်း မိန်းမပွေလေးပါ။ မိယွန်းတွင် ချစ်စဖွယ်မျက်နှာလေးဖြင့်လိုက်ဖက်သော ဝင်းဖန့်ဖန့်အသားအရည်မျိုးရှိသည်။ အရပ်အမောင်းအားဖြင့် ရှည်သည်ဟုမဆိုသာသလို ပုသည်ဟုလည်းပြောလို့မရ၊အနေတော်လေးပင်။ ခန္ဓာကိုယ်အချိုးအစားလည်းပြေပြစ်သည့် သူ့သူငယ်ချင်းမလေးမှာ လူကြိုက်များလှသည်။
လာကြိုက်သမျှလူတိုင်းကိုလည်း သူကမငြင်းဘဲပြန်တွဲသည်သာပင်။ ကျန်တဲ့နေရာတွေမှာသာ ကျွန်တော့်စကားနားထောင်သော်လည်း ဤကိစ္စတွင် ကျွန်တော်ပြောလည်းနားမထောင်သဖြင့် မပြောတော့ဘဲ လွှတ်ထားပေးလိုက်‌တော့သည်။ သို့သော် သူတွဲသမျှလူတိုင်းကို ကျွန်တော်နှင့်မိတ်ဆက်ပေးလေ့ရှိသောကြောင့်သာ စိတ်ချလက်ချလွှတ်ထားပေးခြင်းမျိုးပင်။

ကျွန်တော်တစ်ယောက်တည်း အတွေးများဖြင့်ငြိမ်သက်နေစဉ်

"ကဲပါ ဘာမှမဖြစ်ပါဘူး။ တွေးပူမနေနဲ့။ ဒီတစ်ခေါက်ငါက ကင်းချောလေးနဲ့တွဲခွင့်ရတာ ငါ့အတွက်ဘယ်လောက်ဂုဏ်ရှိလဲ။ ပြီးတော့ သူအရင်ငါ့ကိုလာကပ်တာနော်။ ငါ့ကိုလာကပ်တဲ့ကင်းချောလေးကို ငါကငြင်းထုတ်ပစ်ရလောက်အောင် မိယွန်းမမိုက်မဲသေးဘူး ဟဲ ဟဲ"

လူယုတ်မာရယ်သံကြီးဖြင့်လုပ်ရယ်ကာ သူ့ကိုယ်သူဂုဏ်ယူနေသောမိယွန်းကို ကျွန်တော်လက်မြှောက်ထားရုံသာတတ်နိုင်တော့သည်။
ကျွန်တော့်သူငယ်ချင်းမလေးပျော်မယ်ဆို ကျွန်တော်လည်းပျော်ပါတယ်။ ရင်ဘတ်ထဲကနာကျင်မှုကို လျစ်လျူရှုထားလိုက်ရင်ပေါ့။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Donde viven las historias. Descúbrelo ahora