Part 6

2.3K 178 7
                                    

2.6.2016
Yangon~~

ဒီနေ့က ကျောင်းပြန်ဖွင့်သည့် ဒုတိယမြောက်နေ့ဖြစ်သလို ကိုမဟာဇံတို့၏ အောင်စာရင်းထွက်မည့်နေ့လည်းဖြစ်သည်။ ညီသုရှင်သည် မနှစ်ကအဆင့်ကောင်းခဲ့သောကြောင့် ယခုနှစ်တွင် နဝမတန်း(ခ)၌ တက်ရောက်ရပြီး ယွန်းကတော့ နဂိုအတိုင်း (က)အခန်းတွင်သာ တက်ရောက်ရသည်။

ညီသုရှင်နှင့်ယွန်းမှာ အခန်းမတူသော်လည်း ကျောင်းလာအတူ၊ ပြန်အတူ၊ မုန့်စားမြဲအတူပင်ဖြစ်သည်။ ထို့ကြောင့် ကျောင်းရောက်ကတည်းက ယွန်းရဲ့အလစ်ကိုချောင်းနေခဲ့ရသည်။ ယွန်းကမုန့်ဈေးတန်းသို့ ထွက်သွားသည်ကိုမြင်သည်နှင့် အခန်းထဲမှကျောင်းရှေ့ရှိ ကြော်ညာဘုတ်ကပ်ထားရာသို့အမြန်ပြေးရသည်။ မသိရင် အမေမသိအောင်ခိုးလုပ်နေသော သားတစ်ယောက်ကဲ့သို့ ရင်တလှပ်လှပ်ဖြင့်။

ယခုလိုလုပ်နေရသည်မှာတခြားကြောင့်တော့မဟုတ်။ ကိုမဟာဇံ၏အခြေအနေကို သိချင်သောကြောင့်ပင်ဖြစ်သည်။ ကိုမဟာဇံတို့ကအခုချိန်‌လောက်ဆို အခြေအနေကို သိပြီးလောက်ပြီဖြစ်သည်။ ထို့အတူ ယွန်းကိုလည်းဖုန်းဆက်ပြီးပြောပြမည်မှာ ဧကန်မုချပင်။ ကိုမဟာဇံ၏အခြေအနေကို မသိမသာနှင့် ယွန်းထံတွင်စုံစမ်း၍ရသော်လည်း ယွန်းရိပ်မိသွားမည်စိုးတာအပြင် ကျွန်တော်ကိုယ်တိုင် မျက်စိဖြင့်ကြည့်ချင်တာလည်းပါသောကြောင့် ယွန်းမသိအာင် ခိုးကြောင်ခိုးဝှက်ဖြင့်လှုပ်ရှားရသည်။ ပိုင်ရှင်ရှိတဲ့သူကိုချစ်ရတော့လည်းခက်သား။ မချစ်နဲ့လို့လည်းတားဆီးလို့မရပြန်တော့ ခိုးကြည့်ရတာတစ်မျိုး၊ ခိုးချစ်ရတာတစ်ဖုံဖြင့် လူလည်းသူခိုးလုံးလုံးကိုဖြစ်လို့။

ကျောင်းရှေ့တွင်ကပ်ထားသော ကြော်ညာဘုတ်ရှေ့သို့ရောက်သောအခါ ပြေးလာခဲ့ရသဖြင့် ဟောဟဲလိုက်နေပြီဖြစ်သည်။ ထို့ကြောင့် ဒူးပေါ်လက်ထောက်ကာ တခဏအမောဖြေရသေးသည်။ အချိန်မရှိသောကြောင့် ကြာကြာအမောမဖြေရဲ။ အနည်းငယ်အမောပြေသည်နှင့် ကြော်ညာဘုတ်တွင်ကပ်ထားသောအောင်စာရင်းကို ရင်ခုန်သံတဒိန်းဒိန်းဖြင့်ဖတ်ရသည်။ မော၍ပဲနှလုံးခုန်မြန်‌နေခြင်းလား ဒါမှမဟုတ် ကိုမဟာဇံအတွက်ရင်ခုန်နေခြင်းပေလားတော့ ညီသုရှင်ကိုယ်တိုင်တောင်မသိတော့။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Onde histórias criam vida. Descubra agora