Part 12 - 2

2.1K 167 8
                                    

"Congratulationsပါ ညီ"

စလွယ်ကိုလွယ်၊ ဂုဏ်ပြုပန်းစည်းကိုပိုက်ပြီး စင်ပေါ်မှဆင်းကာ စင်ဘေးနားမှယာယီနားနေဆောင်သို့ပြန်လာသော ညီသုရှင်ကို မဟာဇံက ဆီးကြို၍ဂုဏ်ပြုစကားဆိုလေသည်။

"ဟုတ်ကဲ့ ကျေးဇူးပါဗျ ကျွန်တော်က ကိုမဟာဇံပြန်သွားပြီတောင်ထင်နေတာ"

မဟာဇံကိုကျောခိုင်း၍ လက်ထဲမှပန်းစည်းကို ဖင်ထိုင်ခုံအလွတ်ပေါ်မှာအရင်တင်သည်။ထို့နောက် လွယ်ထားသောစလွယ်ကိုဖြုတ်ကာ ဘယ်လက်မှာချိတ်သည်။ ပြီးလျှင်ဖင်ထိုင်ခုံပေါ်တင်ထားသော ကျောပိုးအိတ်ထဲပစ္စည်းများပြန်ထည့်ရင်း ပြောလေသည်။

"အင်း ကိုယ့်ညီမနဲ့တူတူပြန်မလို့လေ သူက ညီ့ကိုစောင့်ဦးမယ်ဆိုတာနဲ့"

"အံမယ် ကိုကို့ကို ပြန်ချင်ပြန်လို့ ကဗျာပြောသားပဲ သူ့ဟာသူမပြန်ဘဲနဲ့ သူများအတာလာချမနေနဲ့"

သူ့ကိုအကြောင်းပြပါတယ်ဆိုမှ ဖော်ကောင်လုပ်နေသောညီမအား "အလိုက်မသိလိုက်လေခြင်း"ဟု စိတ်ထဲမှကြိတ်ပြီးမှတ်ချက်ပေးမိသည်။

"အခုပဲ၆နာရီကျော်နေပြီ ဒီအချိန်နင့်ကိုယောက်ျားလေးတစ်ယောက်နဲ့အတူ ငါကစိတ်ချလက်ချထားခဲ့ရမှာလား"

ပါးစပ်ထဲရှိရာအကြောင်းပြချက်တွေပေးပြီးမှ ညီသုရှင်ကိုအားနာသလိုကြည့်မိတော့ ညီသုရှင်က သူ့အား မယုံသင်္ကာသည့်သဘောသက်ရောက်‌နေသောစကားကို စိတ်မဆိုးသည့်အပြင် နားလည်သလိုခေါင်းတညိတ်ညိတ်နှင့်။

"ဒါဆို ကိုမဟာဇံကကျွန်တော်တို့နဲ့လိုက်ခဲ့မှာလား"

"ဒါပေါ့"

သူမျှော်နေတာဒီစကား။ တစ်စက္ကန့်တောင်တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လက်ခံပြီးသားပင်။ သူ ညီသုရှင်နှင့်ပိုပြီးရင်းနှီးချင်လို့ သူ့ညီမကိုအကြောင်းပြကာ ယခုအချိန်ထိမပြန်သေးဘဲ ပေတေပြီးစောင့်နေခြင်းဖြစ်သည်။ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ ပြန်သွားတာကြာပေါ့။ မပြန်ခင်"အတင်းခေါ်လာမိတဲ့ငါပဲမှားတာပါ"ဟု မင်းဝဏ္ဏတောင် ညည်းညူသွားသေးသည်။ သူခေါ်လို့ ဝတ်ကျေတန်းကျေလိုက်ခဲ့ပေးပေမဲ့ ပြန်ရင်တော့ ကိုယ့်ဟာကိုယ်ကြိုက်တဲ့အချိန်ပြန်မှာပေါ့။ သူတို့ပြန်တိုင်းလိုက်ပြန်ရအောင် သူတို့နဲ့ကိုယ်က ခြေချင်းဆက်ပြီးမွေးလာတဲ့အမွှာလည်းမဟုတ်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Tempat cerita menjadi hidup. Temukan sekarang