Part 30

3.8K 155 23
                                    

ဖုန်းပြောနေရင်းတန်းလန်းနဲ့ နောက်ဘက်ကိုစိုးရိမ်တကြီးလှည့်ကြည့်ပြီးနောက် ဘယ်ညာတောင်မကြည့်တော့ဘဲ ကားလမ်းပြေးကူးလာသောညီ့ကြောင့် မဟာဇံ ခေါင်းနားပန်းကြီးသွားရသည်။

ညီနှင့် သိပ်မဝေးသောအနေအထားတွင် အရှိန်နှင့်လာနေသောlight truckတစ်စီးကိုမြင်၍ ညီ့ကိုအော်ဟစ်သတိပေးမိသည်။

"ညီ သတိထား ကားလာ..."

သူ့သတိပေးသံတောင်မဆုံးခင် အရှိန်ဖြင့်လာနေသောကားက အချိန်မီဘရိတ်မအုတ်နိုင်ဘဲ ညီ့ကိုယ်လေးအား ၆ပေခန့်အကွာအ‌ဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။

"ညီ!!!!"

သွေးပျက်ဖွယ် တုန်လှုပ်ခြောက်ခြားစွာအော်ဟစ်၍ ညီ့ဆီသို့ မဟာဇံအပြေးသွားမိသည်။ ကားမရှင်းသေးဘဲဖြတ်ကူးလို့ ကားသမားတွေက ဟွန်းတတီတီတီးကာ သူ့အား ဆဲဆိုသွားသည်တို့ကိုလည်း ဂရုမပြုနိုင်။

ညီ့ရှေ့ကိုရောက်တော့ သွေးအိုင်ထဲလဲလျောင်းနေသောညီ့ကိုယ်လေးကို အန်တီကြီးတစ်ယောက်က ထွေးပွေ့ကာအော်ဟစ်ငိုယိုနေ၏။

"ည ည ညီ"

စကားသံတို့က ထစ်ထစ်အအနှင့် တုန်ရီအက်ကွဲစွာ။

သူ့အသံကိုကြားသည်နှင့် ဘေးတွင်ရပ်နေသောဦးလေးကြီးက သူ့အင်္ကျီလည်ပင်းစကိုဆွဲကာ

"မင်းကြောင့်... မင်းကြောင့်ငါ့သားအခုလိုဖြစ်ရတာ။ အဲ့ဒါမင်းကြောင့်။ ငါ့သားသာတစ်ခုခုဖြစ်ရင် မင်းကိုလည်းငါအရှင်မထားဘူး မင်းကိုငါကိုယ်တိုင်သတ်ပစ်မယ်"

‌ဝမ်းခေါင်းသံကြီးနှင့် လည်ပင်းစကိုဆွဲကာရန်တွေ့နေသည့် ညီ့အဖေဖြစ်ပုံရသောဦးလေးကြီးကိုလည်း သူဘာမှပြန်မတုံ့ပြန်မိ။ သူ့လက်ထဲ၌ သူပြုသည့်အတိုင်း ငြိမ်ခံပြီး ညီ့ကိုသာ တွေတွေကြီးစိုက်ကြည့်နေမိသည်။

"တော်ပါတော့... တော်ပါတော့ ကိုအာဏာရယ်။ ကိုယ့်သားတစ်ယောက်လုံးအခုလိုဖြစ်နေတာတောင် ရှင်က သူများသားကို သတ်ချင်နေသေးတာလား"

ညီ့မေမေဖြစ်ပုံရသောအန်တီကြီးက ညီ့ကိုထွေးပိုက်ရင်း ငိုသံတွေကြား ရန်တွေ့သလိုပြောသည်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Nơi câu chuyện tồn tại. Hãy khám phá bây giờ