ရုပ်ရှင်ကြည့်ပြီး အရုပ်ကောက်နေတာနဲ့တင် နေ့တစ်ဝက်ကျိုးသွားလေပြီ။
"ညီ... ကားကိုဒီမှာပဲရပ်ထားခဲ့ပြီး ice berryကို လမ်းလျှောက်သွားရအောင်နော် သိပ်မှမဝေးတာ"
"ဟုတ်"
စံရိပ်ငြိမ်ဂမုန်းပွင့်နှင့် လှည်းတန်းice berryက သိပ်မဝေးတာမို့ နှစ်ယောက်သားလမ်းလျှောက်သွားဖို့ဆုံးဖြတ်လိုက်သည်။
ကားလမ်းကူးသည့်အခါ ညီ့လက်ကိုအလိုလိုလှမ်းဆုပ်ကိုင်မိတော့ ညီကလှည့်ကြည့်၍ပြုံးပြသည်။
ကားလမ်းကူးပြီးတော့လည်း ညီ့လက်ကိုမလွှတ်ပေးမိ။ လူရှုပ်သောလှည်းတန်းလမ်းမို့ လူကွဲမှာစိုးသောကြောင့် လက်ချောင်းချင်းယှက်ပြီး ညီ့လက်ကိုသေချာဆုပ်ကိုင်လိုက်သည်။
လက်ချောင်းချင်းယှက်ကာ ကိုယ့်လက်ကိုမြဲမြဲကိုင်ထားသော လက်နှစ်ဖက်ကိုကြည့်ပြီး ညီသုရှင်ပြုံးမိသည်။ ရှေ့ကဦးဆောင်သွားနှင့်သော ကိုဇံ၏ကျောပြင်ကိုကြည့်ပြီး ဒီလူက ကိုယ့်အပိုင်ပါလားဆိုသည့်စိတ်နှင့် ကြည်ကြည်နူးနူးထပ်ပြုံးမိပါသေးသည်။
ice berryထဲရောက်တော့ စားချင်တာတွေမှာပြီး အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။
"ညီ ခုနကပဲ ကိုလာတွေသောက်ထားတာလေ... ကော်ဖီထပ်သောက်ဦးမလို့လား"
စားစရာတွေမှာတုန်းက ညီသုရှင်က သောက်စရာကိုကော်ဖီအေးမှာခဲ့၍ မဟာဇံကပြောခြင်းဖြစ်သည်။
"ကိုဇံကလည်း... ကိုလာကကိုလာ ကော်ဖီကကော်ဖီလေ။ တူမှမတူပဲ"
ဒါလေးတောင်မသိဘူးလားဆိုသည့်မျက်နှာပေးဖြင့် ညီသုရှင်က ခပ်တည်တည်ပြန်ပြောတော့
"ဟုတ်ပါပြီကွာ ကိုယ်က
ညီ့ရဲ့ကျန်းမာရေးထိခိုက်မှာစိုးလို့ပြောတာပါ အဆိုးလေးရဲ့။ ခင်ဗျားလေးတစ်ခုခုဖြစ်ရင် ဒီလူကအရင်ခံစားရမှာ""သိပါတယ် ကိုဇံရ။ ကျွန်တော့်ကို စားရတာစိတ်မဖြောင့်အောင်မလုပ်ပါနဲ့ဗျာ... ကျွန်တော် ကော်ဖီလည်း တစ်နေ့တစ်ခွက်တောင်မသောက်ပါဘူး။ ကျွန်တော်ချစ်တဲ့ခင်ဗျားကြီး စိတ်ပူရမှာစိုးလို့ထိန်းနေရတာ။ တခါတလေလေးသောက်တာကို မငြိုငြင်ပါနဲ့လားဗျာ"
ESTÁS LEYENDO
Forevermore {ယခုမှသည် နောင်ထာဝစဉ်}
De Todoရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း... [Unicode+Zawgyi] ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း...