Part 5

2.4K 185 6
                                    

မဟာဇံတို့ ဖြေဆိုရမည့်၁ဝတန်းစာမေးပွဲသည် တော်တော်ကို နီးကပ်နေပြီဖြစ်သည်။ ယွန်းနဲ့မဟာဇံတို့တွဲနေကြသည်မှာလည်း ၅လကျော်ခဲ့ပြီဖြစ်သည်။ ကိုယ့်ရဲ့အချစ်ရဆုံးသူငယ်ချင်းက ကိုမဟာဇံရဲ့တစ်လခံရည်းစားထဲမပါတော့ ညီသုရှင်ဝမ်းသာမိပါသည်။ ရင်ထဲမှာတော့ခံစားရပေမဲ့လို့။

ညီသုရှင်တို့က ၈တန်းစာမေးပွဲဖြေပြီး ကျောင်းပိတ်သွားပြီဖြစ်သော်လည်း ကိုမဟာဇံတို့က အသည်းအသန်ကြိုးစားနေရဆဲဖြစ်သည်။ ကိုမဟာဇံသည် စာမေးပွဲနီးနေသော်လည်း ယွန်းနှင့်တစ်ပတ်တစ်ခါချိန်းတွေ့မြဲဖြစ်သည်။ ချိန်းတွေ့တာက ယွန်းဆိုသော်လည်း ယွန်းကျေးဇူးဖြင့် ညီသုရှင်ပါ အငြိမ်မနေရ။ သူချိန်းတွေ့တိုင်း ညီသုရှင်ကိုပါ အပါခေါ်မြဲဖြစ်သည်။

အကြောင်းမှာ သူ့အိမ်ကမသိစေရန် ကျွန်တော်နှင့်လျှောက်သွားသည့်ပုံစံမျိုး ဖြစ်အောင်ပင်။ သူချိန်းတွေ့မည့်နေရာသို့ သူ့အိမ်ကကားဖြင့် ကျွန်တော်တို့၂ယောက်လုံးကိုပို့ပေးသည်။ ချိန်းတွေ့မည့်နေရာရောက်သည်နှင့် ကျွန်တော့်ကို တစ်နေကုန်သွားချင်သည့်နေရာသွားခိုင်းကာ သူ့အိမ်ကလာခါ်မည့်အချိန်လောက်မှသာ ဖုန်းခေါ်ပြီးပြန်လာခိုင်းတတ်သည့် အကောင်းစားသူငယ်ချင်းပါ။ သူချိန်းတွေ့တိုင်း ကျွန်တော်အမြဲပါသော်လည်း တစ်ခါမှ ကိုမဟာဇံနှင့်မျက်နှာချင်းဆိုင် မဆုံခဲ့ဖူးပါ။

မလိုက်ချင်သော်လည်း ကျွန်တော်မှမကူညီရင် သူ့မျက်နှာမှာ ကြောင်ချီးမှန်ထားသလိုရှုံ့တွနေတတ်သေးသည်။ ကိုယ့်သူငယ်ချင်းကို စိတ်ဆင်းရဲအောင်လည်းမလုပ်ချင်သည်မို့ တစ်ပတ်တစ်ခါကျွန်တော်ဝဋ်ခံရမြဲဖြစ်သည်။ ဝဋ်ကြွေးရှိရင်လည်းမြန်မြန်ကြေပါတော့။ ငါမခံစားနိုင်တော့အောင် ရင်တွေနာနေလို့ပါ....

ဒေါက် ဒေါက်

"ဟဲ့ သု မပြီးသေးဘူးလား ကြာလိုက်တာ။ မြန်မြန်လုပ်"

ရောက်တတ်ရာရာတွေးရင်း မလုပ်ချင်လုပ်ချင်ဖြင့် နှေးကွေးစွာပြင်ဆင်နေသည့် ကျွန်တော့်ကို အခန်းပေါက်ဝမှတံခါးခေါက်ကာ တစာစာအော်နေပါသော ကျေးဇူးရှင်မ။ သူ့စိတ်ရှိတိုင်းဆို ကျွန်တော့်အခန်းထဲဝင်ကာ လက်ဆွဲခေါ်ချင်နေပေလိမ့်မည်။ ယောက်ျားလေးအခန်းမို့ မသင့်တော်လို့သာ မဝင်လာခြင်းပင်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Nơi câu chuyện tồn tại. Hãy khám phá bây giờ