အချစ်ဦးတဲ့…
သိပ်ကိုလှပတဲ့ နာမ်စားလေးတစ်ခုပဲ ။မင်းကိုချစ်ခဲ့တဲ့ ငါ့ရဲ့အတိတ်တွေကလည်း အရမ်းကိုလှပခဲ့ပါတယ်💜
~~~~~~~~~~~~💜Lilac💜~~~~~~~~~~~
လူတိုင်းမှာအမှတ်တရတစ်ခုဆီတော့ ရှိတတ်ကြတာပဲ ။
ဒီတော့ ကျွန်တော့်မှာလည်းရှိတယ် ။
တက္ကသိုလ်လွင်ပြင်ရဲ့ ခရမ်းရင့်ရောင် နှလုံးသားတစ်စုံ ဇာတ်သိမ်းခန်းက နာကျင်စရာတွေနဲ့ ပြည့်နှက်နေမယ်ဆိုရင်တောင် အချို့သော အပိုင်းတွေကတော့ မမေ့ရက်နိုင်စရာ လှပခဲ့ပါတယ် ။
လေအဝေ့မှာ လွင့်ပျံ့သွားတဲ့ စာရွက်ဖြူလေးတွေရဲ့ကြားမှာ အထီးကျန်စွာ သွေ့ခြောက်နေတဲ့ ပန်းလေးရဲ့အမည်နာမ တစ်ခုက Lilac💜
တစ်နည်းအားဖြင့် အချစ်ဦးပေါ့ဗျာ ။
💜💜
" Jeno ပြီးရင် Praticalအခန်းထဲလိုက်ခဲ့နော် "
ပခုံးကိုပုတ်ကာပြောသွားသည့် Myunwooစကားအား ခေါင်းညိတ်ပြကာ စာအုပ်တွေကို ကျောပိုးအိတ်ထဲ အစီအရီထည့်လိုက်သည် ။
စောစောက စာသင်သံတွေနဲ့ ကွာခြားကာ တိတ်ဆိတ်သွားသည့် အခန်းငယ်လေးထဲမှာ ကျွန်တော်တစ်ယောက်သာ ကျန်ခဲ့သည် ။
အကုန်လုံး Pratical Roomဆီ သွားကုန်ကြပြီ ။
ကျောပိုးအိတ်အား လွယ်ကာ Praticalစာအုပ်ကိုကိုင်၍ ထရပ်လိုက်ပြီး အခန်းထဲက ထွက်၍ လှေကားထစ်တွေအတိုင်း ပြေးဆင်းခဲ့တော့ လှေကားကွေ့မှာ ကျွန်တော့်လိုပဲ ရေးကြီးသုတ်ပြာနဲ့ ပြေးတက်လာတဲ့ လူတစ်ယောက်နှင့် ဆုံသည် ။
ဇောကိုယ်စီနဲ့မို့ မရှောင်တိမ်းပဲ တည့်တည့်ဝင်တိုက်တာမို့ နှစ်ယောက်လုံး ဖင်ထိုင်လျက်လဲကျလေသည် ။
" အားလား သေပါပြီ "
ခပ်တိုးတိုးရေရွတ်ကြယုံမှတပါး တစ်ယောက်နှင့်တစ်ယောက် ပြစ်တင်ဝေဖန်ခြင်းမပြုမိကြ ။
အပြိုင်ပြန့်ကျဲနေသည့် Praticalစာအုပ်နှစ်ခုထဲမှ ကိုယ့်စာအုပ်ကို ကိုယ်ဆွဲကာ ကျွန်တော်လည်း ပြေးဆင်းခဲ့သလို သူလည်းပြေးတက်သွားလေသည် ။
YOU ARE READING
Lilac💜
FanfictionLilac = name of purple flower💜 This mean is First Love💜 အချစ်ဦးတဲ့.. သိပ်ကိုလှတဲ့ နာမ်စားလေးပဲ 💜 မင်းကိုချစ်ခဲ့တဲ့ ငါ့ရဲ့အတိတ်တွေဟာလည်း အရမ်းကိုလှပခဲ့ပါတယ်💜 Fanfiction of NCT-Dream💜 NoRen💜 JaeRen💜 NoHyuck💜 [ Unicode💜 ] Lilac...