5💜

586 91 6
                                    

ကံဇာတ်ဆရာရဲ့ရိုးမယ်ဖွဲ့မှုကို မျက်ကွယ်ပြုပြီး ဆူးပုံကိုစုံနင်းရင် ဆူးမှာပဲလေ ။

ကံကိုလူကလုပ်တယ်လို့ မင်းပြောခဲ့သလို ကိုယ်တို့နှစ်ယောက်ကြားက အဆုံးသတ်တဲ့ ကံကြမ္မာကရော ကိုယ်တို့နှစ်ယောက်ပဲ စေခိုင်းခဲ့တာလား ။

~~~~~~~~~~~💜 Lilac 💜~~~~~~~~~~~

ဝေလီဝေလင်း မနက်ခင်းမှာ စောစောထကာ ဆိုင်ကယ်ကိုထုတ်ပြီး ညကတည်းက ဝယ်ကာသိမ်းထားသည့် နှင်းဆီဝါတွေအားယူကာ ချစ်ရသူ၏နေထိုင်ရာ ဘုံငှာနသို့ အပြေးလှမ်းခဲ့သည် ။

တိတ်ဆိတ်နေတဲ့ အဆောက်အဦက အချိန်အခါကို ညွှန်းဖော်ပြနေပေမဲ့ မလျော့သောဇွဲနဲ့ လှေကားထစ်တွေအတိုင်း အပေါ်သို့တက်ကာ တံခါးရှေ့မှစ၍ ပွင့်ချပ်တို့ကို ခြွေချလိုက်သည် ။

နောက်ကိုဆုတ်၍ဆုတ်၍ ဖြန့်ကျဲရင်း မူလပထမ လမ်းမသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ။

ဆိုင်ကယ်ပေါ် တက်ခွကာ ဖုန်းကိုထုတ်၍ မြတ်နိုးရသော အမည်နာမလေးတစ်ခုထံသို့ ဖုန်းခေါ်ဆိုလိုက်သည် ။

အချက်ပေးမြည်သံနှင့်အတူ မကြာခင်အချိန်အတွင်းမှာပင် ဖုန်းကိုင်လေသည် ။

" ဟယ်လို "

" မောနင်း ဟွမ်လေး "

" အင်း မောနင်း "

နှုတ်ဆက်သံနှင့်အတူ အပေါ်ကိုမော့ကြည့်လိုက်တော့ ပြတင်းပေါက်ကနေ လှမ်း၍ကြည့်နေတာမို့ လက်ကိုဝေ့ယမ်းကာ ပြသလိုက်တော့ လက်ပြန်ပြသည် ။

" ရေမိုးချိုးပြီး အောက်ဆင်းလာခဲ့ "

" အင်း ခဏစောင့် "

" အိုကေ "

ခဏဆိုတဲ့အချိန်က ကျွန်တော့်ရဲ့စိတ်ဆန္ဒတွေလောနေ၍များ ကြာနေတာလားမသိပေမဲ့ ချစ်သူလာရာလမ်းကို လှမ်းမျှော်ကြည့်ရတာ မကြာမကြာ ။

မျှော်နေရင်းနဲ့ပင် တိုက်ထဲမှ လှမ်းထွက်လာတဲ့ အရိပ်ကလေးကိုမြင်မှ ဟင်လုံးချနိုင်တော့သည် ။

ကျွန်တော့်ချစ်ခြင်းနဲ့ခင်းထားတဲ့ ပန်းတွေပေါ်မှ နင်းဖြတ်ကာ ကျွန်တော့်ဆီလျှောက်လာတဲ့ ချစ်သူလေးကို တမေ့တမော့ ငေးကြည့်ဖြစ်သည် ။

Lilac💜حيث تعيش القصص. اكتشف الآن