2💜

780 113 13
                                    

မရှောင်ရှားနိုင်တဲ့ ပတ်သတ်မှုမျိုးနဲ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ ပြန်လည်ပတ်သတ်ရမယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် အဲ့ဒီနေ့က ကျွန်တော်အဲ့စကားကို ပြောခဲ့မိမှာမဟုတ်ဘူး ။

~~~~~~~~~~~💜 Lilac 💜~~~~~~~~~~~

ကျွန်တော့်ကိုတွေ့ရင် တမင်တကာပင် ရှောင်ဖယ်ကာ ကွင်းသွားတတ်တာ သူ့အကျင့် ။

ကျွန်တော်က သူ့ကိုဘာလုပ်နေလို့ ကျွန်တော့်ကိုမြင်ရင် တီကောင်ဆားနဲ့ပက်ခံရသလို တွန့်သွားတတ်တာလဲ ။

တစ်ခါလည်း မဟုတ် ။

နှစ်ခါလည်း မဟုတ် ။

Canteenမှာလည်း Canteenမှာမို့ ကျွန်တော့်ကိုမြင်တာနဲ့ ဆိုင်ထဲကထကာ ထွက်ပြေးတတ်သလို ။

Majorအဆောင်တွေရဲ့အောက်ထပ်မှာ တစ်ခါတစ်လေ မရည်ရွယ်ပါပဲ ဆုံမိရင်လည်း သူ့ဘက်ကပဲစကာ ခြေရာဖျောက်သွားတတ်ပြန်သည် ။

လူကိုမြင်တိုင်း ထွက်ထွက်ပြေးနေတာမို့
ကြာလာတော့ အတော်လေး အခံရခက်လို့လာသည် ။

သူ မပတ်သတ်ချင်လောက်အောင် ကျွန်တော်ကဘာဖြစ်နေလို့လဲ ။

အတွေးတွေကိုခါထုတ်လိုက်ပြီး လွယ်အိတ်ကြိုးကို စလွယ်သိုင်းကာ Maths Majorအဆောင်ဘက် ဘာရယ်မဟုတ် လမ်းလျှောက်လာဖြစ်သည် ။

တမင်တကာရည်ရွယ်ပြီး လာခြင်းမျိုးတော့ မဟုတ်ပါ ။

ICဆောင်ကနေ မုဒ်ဦးဝအထိသွားဖို့ ညနေစောင်းအကျနေက ပူလွန်းတာမို့ အလွယ်တကူ အရိပ်ရနိုင်သည့် Mathsအဆောင်အောက်ကနေ ဖြတ်လာခြင်းပင်ဖြစ်သည် ။

တိတ်ဆိတ်နေတဲ့ သင်္ချာဆောင်က နောက်ပိုင်းအတန်းချိန်ရှိတော့ဟန်မတူ ။

တစ်ယောက်စ နှစ်ယောက်စ ကျောင်းသားများကလွဲပြီး လူသူရှင်းလင်းလို့နေပြီ ။

အပေါ်ထပ်လှေကားကနေ ဆင်းလာကာ လစ်ခနဲ ဝင်ပုန်းလိုက်တဲ့ အရိပ်အယောင်ကြောင့် ခြေစုံရပ်ကာ လှည့်ကြည့်လိုက်တော့ တိုင်လုံးကလွဲပြီးမရှိ ။

ဘာလဲဟ ။

တောင်မြောက်ဘယ်ညာဝေ့ကြည့်ရင်း အဖြူရောင်တိုင်လုံးနောက်ကွယ်က ခပ်စွန်းစွန်းထွက်နေသည့် Moomin Keychainလေး ။

Lilac💜Dove le storie prendono vita. Scoprilo ora