7💜

493 80 3
                                    

မင်းကိုယ်တိုင်ပေးခဲ့တဲ့ ကတိကို မင်းကိုယ်တိုင်ဖောက်ဖျက်ပြီး အခြားတစ်ယောက် လက်ကိုဆုတ်ကိုင်ထားချိန်တုန်းက ယောင်ယမ်းပြီးများ တစ်ချိန်က မင်းချစ်ပါတယ် တဖွဖွပြောခဲ့တဲ့ လူတစ်ယောက်ကို မြင်မှတ်မိရဲ့လား ။

~~~~~~~~~~~💜 Lilac 💜~~~~~~~~~~~

Anniversary Dateဆိုတာ တကယ်တော့ လှပတဲ့အမှတ်တရတစ်ခုပါ ။

ကြုံဆုံခဲ့တဲ့ပျော်ရွှင်ခြင်းတွေ ဝမ်းနည်းခြင်းတွေကို ပြန်ပြောင်းကြည့်စရာ Dateလှလှလေးတစ်ခုဆိုလည်း မမှား ။

Anniversary Dayအတွက် အမှတ်တရ လက်ဆောင်လေးတစ်ခုဝယ်ဖို့ Centerထဲရှိ နာရီဆိုင်လေးကို ကျွန်တော်ရောက်ခဲ့သည် ။

Jenoက နာရီကိုနှစ်ခြိုက်စွာ ပတ်တတ်သည်လေ ။

" မောင်လေး ဘာအလိုရှိပါသလဲ "

ဆိုင်ရှင်မမလှလှက ဖော်ရွေစွာ မေးမြန်းနေတာမို့ ပြုံးပြလိုက်ပြီး မှန်တွေကာရံထားသည့် ပုံစံစုံ ဒီဇိုင်းစုံနာရီလေးတွေအား အသေအချာ ရွေးခြယ်ဖြစ်သည် ။

" ဘယ်လိုပုံစံမျိုးထဲက လိုချင်လဲ မောင်လေး ။ မောင်လေးဝတ်ဖို့လား "

" မဟုတ်ဘူးခင်ဗျ ။ သူငယ်ချင်းကို လက်ဆောင်ပေးမလို့ပါ ။ ဒါလေး တစ်ချက်လောက်ပြကြည့်ပါလား "

ကျွန်တော်လက်ထောက်ပြလိုက်သည်က Rolex ဒိုင်ခွက်အပြာနဲ့နာရီလေး ။

Jenoက အပြာရောင်ကိုကြိုက်သည်လေ ။

" ဒီမှာပါ မောင်လေး "

ဝန်ထမ်းအစ်မထုတ်ပြသည့် နာရီလေးက ကြည့်ရင်း သဘောအကျကြီး ကျနေတာမို့ ။

" ဒါကဘယ်လောက်လဲအစ်မ "

" $32,431ပါ မောင်လေး "

ဈေးကကြောက်ခမန်းလိလိ ။

ပါတဲ့ပိုက်ဆံနဲ့မမျှတာမို့ နာရီလေးအား ပြန်ချကာ ။

" ခဏနော် "

ဆိုင်ပြင်ကို ပြန်ကာထွက်ခဲ့လိုက်ပြီး Liuyeunဆီ ဖုန်းခေါ်လိုက်သည် ။

" ဟယ်လို Liuyeun "

" ဘာကိစ္စရှိလို့လဲ Renjun "

" ငါမင်းကိုအကူအညီတောင်းချင်လို့ "

Lilac💜Onde histórias criam vida. Descubra agora