21💜

402 58 5
                                    

Zawgyi💜

နောင်ဘဝဆိုတာသာရှိခဲ့ရင် မင်းလက်ကိုတွဲပြီး လက်ထပ်ခွင့်ရတဲ့သူက ငါဖြစ်ပါရစေ Jeno ။

တကယ်လို့ နောင်ဘဝဆိုတာများ မရှိခဲ့ရင်တော့ မင်းကိုလွမ်းတဲ့အလွမ်းတွေနဲ့ ငါသေဆုံးပါရစေ Jeno ။

~~~~~~~~~~💜Lilac💜~~~~~~~~~~~

" Jeno အားတင်းထား မင်းဘာမှမဖြစ်ဘူးနော် "

လက်ကိုဆုတ်ကိုင်၍ အားပေးနေသည့် Hyuckအား ပြုံး၍ခေါင်းညိတ်ပြလိုက်စဉ် မျက်ရည်စအချို့က မျက်ဝန်းထောင့်မှ လိမ့်ဆင်း၍သွားသည် ။

ဘာဖြစ်မယ်ဆိုတာကို ကြိုတင်သိနေလျက်နဲ့ ဘာမှမဖြစ်ပါဘူးဆိုတာကတော့ ရယ်စရာကောင်းမနေလောက်ဘူးလား ။

" မင်းဘာတွေခံစားနေရလဲဟင် Jeno ။ ငါ့ကိုပြောပြလေနော် "

ကျွန်တော်ခေါင်းခါဖြစ်သည် ။

နာကျင်နေတဲ့ခံစားမှုကြီးအား တစ်ပါးသူထံဝေမျှမလိုပါ ။

ဒီအတိုင်းလေး သေဆုံးသွားလျှင်ပဲ ကောင်းမည် ။

" Jeno "

ခေါ်သံလာရာက အခန်းဝဆီက ။

ခေါင်းကိုစောင်းငဲ့၍ကြည့်လိုက်တော့ ကျွန်တော်ချစ်တဲ့ ဟွမ်လေး ။

" ဟွမ်လေး "

လေသံသဲ့သဲ့သာ အားရှိသော နှုတ်ခမ်းပါးတို့အား လှုပ်ခတ်၍ ကျွန်တော်ခေါ်ဖြစ်သည် ။

Hyuckက ထိုင်နေရာမှထ၍ပေးလေသည် ။

လွတ်ထွက်သွားသည့် Hyuckရဲ့လက်အစား ဝင်ရောက်လာသည့် လက်သေးသေးလေးတွေအား တင်းနေအောင်ဆုတ်ကိုင်ထားချိန်က ခွန်အားတွေကို အလိုလိုဖြစ်စေသည် ။

" ဟွမ်လေး "

" ငါရှိတယ်နော် Jeno ။ မင်းဘေးမှာ ငါရှိတယ် "

အိပ်မက်များမက်နေခဲ့တာလား ။

အိပ်မက်ဆိုလည်း မနိုးထပါရစေနဲ့တော့ ။

" မင်းနာကျင်နေလားဟင် "

ငိုသံစွတ်၍ မေးလာသည့် ဟွမ်လေးပါးလေးကို ခပ်ဖွဖွဆုတ်ကိုင်လိုက်ပြီး ပြုံး၍ ခေါင်းခါပြလိုက်သည် ။

Lilac💜Tempat cerita menjadi hidup. Temukan sekarang