8💜

465 75 2
                                    

ကြယ်တွေကြွေတိုင်း အမြဲဆုတောင်းတယ် ,

မင်းနှလုံးသားလေး ငါ့အတွက်ပဲ အမြဲခုန်ပါစေလို့လေ..Jeno ။

ကိုယ်လည်း ဆုတောင်းမိတယ် ,

နောက်ဆုံးထွက်သက်အထိ မင်းကိုချစ်ပါရစေလို့လေ..ဟွမ်လေး ။

~~~~~~~~~~💜 Lilac 💜~~~~~~~~~~~

" Chenle!! Renjun !! "

ခေါ်သံသဲ့သဲ့ကြောင့် ဝရံတာကိုထွက်ကြည့်တော့ စက်ဘီးကိုတွန်းကာ ထော့နဲ့နဲ့နဲ့ ပြန်လာတဲ့ပါးပါး ။

" Chenleပါးပါးဘာဖြစ်လာတာလည်းမသိဘူး ။ သွားကြည့်ရအောင် "

Chenleလက်အားဆွဲကာ လှေကားထစ်အတိုင်းပြေးဆင်းခဲ့ပြီး ပါးပါးအားတွဲလိုက်တော့ ပါးပါးဒေါသခိုးတွေက ကျွန်တော့်မျက်နှာကို လာထင်ဟပ်လေသည် ။

" မိမဆုံးမ ဖမဆုံးကောင် ။ လူကြီးလူကြီးမှန်းမသိတဲ့ကောင် "

" Chenleစက်ဘီးကိုသော့ခတ်ပြီး အပေါ်လိုက်လာခဲ့ ။ ပါးပါးလာ "

ပါးပါးအားတွဲကာ အပေါ်တက်ခဲ့လိုက်ပြီး ရေတစ်ခွက်အားယူကာပေးလိုက်တော့ ဒေါသတကြီး ပါးပါးလွှင့်ပစ်လေသည် ။

" ဒီရေတွေနဲ့ ငါ့ဒေါသကိုမျှောမချနိုင်ဘူး "

စိတ်ကြီးလွန်းတဲ့ ကျွန်တော့်အဖေက တော်တော်နဲ့ပြီးအုန်းမည်မဟုတ် ။

" ဘာဖြစ်လာတာလဲ ပါးပါး "

" လမ်းထိပ်မှာပေါ့ ဘယ်ကမိမဆုံးမ ဖမဆုံးမကောင်တွေမှန်းမသိဘူး ဘောလုံးကန်တာ စက်ဘီးကိုလာမှန်ပြီး လဲသွားတာ ။ တောက် ငါ့အသားနာရင် လူပါသတ်ချင်တာ "

" စိတ်လျှော့ပါ ပါးပါးရယ် ။ အများပိုင်နေရာပဲဟာ ဘောလုံးကန်ချင်ကန်မှာပေါ့ "

" ဘေးဘီကြည့်ကန်လေ ။ မရှောင်နိုင်လို့ ကန်မိတယ်ဆိုလည်း လူကြီးကို သေချာတောင်းပန်ပေါ့ ။ အခုဟာက မိုက်ကန်းကန်းနဲ့ ပြောပုံကိုက အချိုးမပြေဘူး ။ ငါ့သားသာဆို နားရင်းဖြတ်အုတ်ခဲ့တယ် "

" ကဲပါ ပါးပါးရယ် ။ ဖယ် ကျွန်တော်ဆေးထည့်ပေးမယ် "

" A-Ren "

Lilac💜Donde viven las historias. Descúbrelo ahora