12💜

407 70 6
                                    

Unicode💜

လက်ပြလို့ နှုတ်မဆက်ခဲ့တာ မပြီးဆုံးသေးလို့ပါ ။

မဝေးတော့တဲ့ တစ်နေ့မှာ ငါမင်းဆီ အပြေးလာမှာမို့လို့ ဆက်ဆက်စောင့်နေပေးပါ - Renjun💜

နှလုံးသားနဲ့ချစ်ခဲ့တာလေကွာ ။

အမုန်းစကားဆိုတိုင်း မေ့ပစ်ရအောင် ရေပေါ်မှာအရုပ်ရေးသလို တုတ်နဲ့လျှောက်ခြစ်ခဲ့တာမှမဟုတ်တာ - Jeno 💜

~~~~~~~~~~~💜 Lilac 💜~~~~~~~~~~~

ရှိုက်သံသဲ့သဲ့လေးအခုထက်ထိ ထွက်နေသည့် ကောင်လေး၏ ဆံပင်အိအိလေးတွေအား မြတ်နိုးစွာ လက်နှင့်ဆွဲဖွရင်း မျက်ဝန်းလေးတွေ ကွေးညွှတ်သည်အထိ Jenoပြုံးမိတယ် ။

အနှီကောင်လေးက ထုတ်သာမပြတာ ကျွန်တော်မရှိတော့မှာကိုတော့ ကြောက်တတ်တာပဲ ။

" ကြည့်အုန်း နှာခေါင်းလေးတွေတောင် နီနေပြီ "

နှာဖျားထိပ်လေးကို လက်နဲ့တို့ထိကာ ကျွန်တော်ပြောတော့ ဟွမ်လေးက ရှက်ရမ်းရမ်းကာ နားသယ်ထောင့်က ဆံပင်မွှေးလေးတွေကို လက်နှစ်ဖက်နဲ့ ပွတ်သပ်နေသည် ။

" ကိုယ်သေသွားမှာကို အဲ့လောက်တောင် ကြောက်တာပဲလား "

" မကြောက်ပါဘူး ။ ဘယ်သူကကြောက်လို့လဲ "

" ဒါဆို ဘာလိုကလေးလို သူများအလောင်းမှာ သွားငိုနေတာလဲ "

" အဲ့ဒါက "

" မင်းကိုယ့်ကိုသိပ်ချစ်လို့မဟုတ်လား "

" Jeno ငါမင်းကိုရှင်းပြချင်တယ် ။ ငါ့မှာမင်းကလွဲပြီး ဘယ်သူမှမရှိဘူးဆိုတာလည်း သိစေချင်တယ် ။ ဟိုးတစ်နေ့က ဖြစ်တဲ့ကိစ္စက "

" မလိုတော့ဘူးဟွမ်လေး ။ မင်းကိုယ့်ကိုချစ်တယ်ဆိုတာ မြင်လိုက်ယုံနဲ့တင် ကိုယ်ဘယ်အရာကိုမှ သံသယမဝင်တော့ဘူး "

" အဲ့ကောင်လေးနဲ့တွေ့ချင်တယ်ဆိုရင် ငါမင်းကိုတွေ့ပေးလို့ရတယ် Jeno "

" ကိုယ်မင်းကိုယုံတယ် ။ စိတ်ညစ်မခံနဲ့ "

" Jeno "

" အင်း "

" ငါ "

" ပြောလေ "

Lilac💜Donde viven las historias. Descúbrelo ahora