အချည်နှောင်ခံရင်ခွင် အပိုင်း၁၈

295 42 6
                                    

[Zawgyi]
"ဟင်"

ဂျင့်မျှော်လင့်ချက် တချို့ကို တစ်စုံတရာက ကြမ်းတမ်းစွာပင် ဖြိုပျက်တိုက်စားသွားခဲ့သည်။

တံခါးရှေ့မှာ ရပ်နေသူကလည်း ဂျင့်ကိုအမြင်မှာ ရုတ်တရက် အသက်ရှုပင် ရပ်သွားသည့်နှယ်။ ကြောင်အတိတ်ဆိတ်နေသည်။  နှစ်ယောက်လုံးဟာ လက်ရှိအခြေအနေကို လက်ခံဖို့ခဲယဉ်းနေကြဆဲ။

ဂျင်သည် သတိဝင်လာချိန်မှာ ကိုယ့်စိတ်ကိုယ်အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းပြီး သွေးအေးစွာပြောမိပါသည်။

"ဘာကိစွရှိလို့ပါလဲ"

သူကလည်း ဂျင့်ကို အားတုံအားနာဟန်ဖြင့်မလုံမလဲကြည့်ကာ.....

"ဟို...ဒီ...ဒီအိမ်က ရှေ့နေကြီး လီရှင်းမို့ရဲ့အိမ်ပါလား..ခင်ဗျ"

"မဟုတ်ဘူး...အပေါ်ထပ်မှာ"

ဂျင်က ပြောပြီးသည်နှင့် တံခါးကို ၀ုန်းခနဲ ပြန်ဆောင့်ပိတ်ကာ ဖြည်းဖြည်းချင်း တံခါးကိုမှီထိုင်ချလိုက်သည်။
ဟာ....သူနဲ့ ကမ်ဘာ(world)ခြားခဲ့တာကြာပြီးပဲ..ဘာလို့ သွေးပျက်စရာလိုသေးလို့လဲ။
ဒီလို ဇွတ်မှိတ်တွေးပေမယ့် ဂျင်သည် ရင်ထဲမှာ လှိုက်တတ်ဆို့နင့်ကာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာဖြင့် ရှိုက်ကြီးတငင် ငိုချမိသည်။ မနေ့ကတစ်ခါ ..ဒီနေ့တစ်ခါ မမျှော်လင့်ပဲဆုံခွင့်ရသောတိုက်တိုက်ဆိုင်ဆိုင် ကံကြမ်မာကို ဂျင်မုန်းလှပါသည်။

ဖြစ်နိုင်လျှင် ဂျင် ဒီတစ်သက် သု့မျက်နှာကို ဘယ်တော့မှ မမြင်မတွေ့ချင်တော့ပါ။

"😭😭အီး...ဟီး...ဟီး....အား😭😭"

ဂျင်သည် ကလေးတစ်ယောက်လို အရူးတစ်ယောက်လိုအော်ဟစ်ငိုယိုနေမိရာ အနားသို့ ဒေါ့ဂျီလေးရောက်လာတာကိုပင် သတိမပြုနိုင်။

ဒေါ့ဂျီလေးက ဂျင့်အဖြစ်ကိုစာနာနားလည်သလို မျက်လုံးပြူးလေးဖြင့်ထိုင်စောင့်‌ကြည့်နေသည်။

"ဒေါ့ဂျီလေးရယ် ငါသူ့ကိုလုံးဝမတွေ့ချင်ဘူး...😭😭သူ့မျက်နှာကိုမြင်ရတော့ သရဲ တစေမြင်ရသလိုပဲ ငါမုန်းတယ် ကြောက်လည်းကြောက်တယ်"

အချည်နှောင်ခံရင်ခွင်Where stories live. Discover now