[Zawgyi]
ဒီနေ့ ရုံးပိတ်ရက်ဖြစ်တာမို့jinသွားဖို့ရွေးချယ်ခဲ့သည့်နေရာတစ်ခုကနှစ်ပေါင်းများစွာကြာအောင်ခြေဦးမလှည့်ဖြစ်ခဲ့သည့်jinရဲ့အတိတ်ဆိုးမြုပ်နှံထားရာနေရာလေးပဲဖြစ်သည်။ဒီနေရာမှာjinအရမ်းတွေ့ချင်နေသောသူတစ်ယောက်ရှိသည်။ jinသည်မျိုသိပ်လွန်းသူပီပီYoonကိုလည်းဘယ်သွားပြီးဘာလုပ်မည့်အကြောင့်ဘာမှမဖွင့်ပြောခဲ့ချေ။
"ချစ်ခြင်းမေတ္တာဖောင်ဒေးရှင်"
Jinသည် ဆေးသားအနည်းငယ်ပျက်ယွင်းနေပြီးဖြစ်သောအညိုရောင်ဆိုင်းဘုတ်ကိုတစ်ချက်မော့ကြည့်ကာခြံကျယ်ကြီးထဲသို့လှမ်းဝင်ခဲ့သည်။ အမျိုးသမီးတစ်ယောက်ကjinကိုမြင်သော်နှစ်လိုစွာပြုံးပြပြီး......
"ဘသူနဲ့တွေ့ချင်လို့ပါလဲ..ကျွန်မတို့ဘာများအကူညီပေးရမလဲရှင့်"
"ကြီးကြီးဟွာယောင်း နဲ့တွေ့လို့ရမလားရှင့်"
Jinရဲ့စကားအဆုံးမှာသူမမျက်နှာတစ်မျိုးဖြစ်သွားတာကိုသတိပြုလိုက်မိသည်။
"မမဟွာယောင်းကအိပ့်ရာထဲလဲနေတာတစ်နှစ်လောက်ရှိပြီးတူမရဲ့၊ဒါနဲ့တူမကမမနဲ့အမျိုးတွေဘာတွေများတော်လို့လား"
"ဟုတ်ကဲ့...အမျိုးမဟုတ်ပေမယ့်မိဘနဲ့သားသမီးလိုသံယောဇဉ်ရှိရတဲ့သူတွေပါအန်တီ..ကျွန်မနာမည်ကKim seok jinလို့ခေါ်ပါတယ်"
"aww....Kim seok jin ဆိုတာတူမလား မမဟွာယောင်းပြောပြောနေလို့ဒီနာမည်ကိုရင်းနှီးကြားဖူးနေတာကြာပါပြီး..လာပါ..တူမ..အိမ်ထဲဝင်ပါ"
Jinသည် ထိုအဆောက်အအုံထဲဝင်လိုက်ရင်း အရင်ကနဲ့မတူပဲ ဟောင်းနွမ်းငြိမ်သက်နေသည့်ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ဝဲစူးစမ်းကြည့်လိုက်မိသည်။ ကြီးကြီးဟွာယောင်းတည်ထောင်ထားသည့်"ချစ်ခြင်းမေတ္တာ"ဖောင်ဒေးရှင်းအဆောက်အအုံဟာအနည်းငယ်တော့အင်အားသေးသိမ်နေသလိုပင်။
jinဒီကိုရောက်စတုန်းက ပရဟိတ၊လူမူရေး၊အလူအတန်းလုပ်ငန်းများအတွက်အားကြိုးမာန်တတ်ဆောင်ရွက်နေသောဝန်ဆောင်မှုများအတွက်အံအားတသင့်ဖြစ်ရသေးသည်။
YOU ARE READING
အချည်နှောင်ခံရင်ခွင်
Romanceယောကျာ်းတွေကိုမုန်းနေတဲ့သူမ Kim Seok Jin သူမဘာလိုယောကျာ်းတွေကိုမုန်းနေလဲဆိုသိပ်သိချင်နေတဲ့ ဂျွန်ဂျောင်ကွတ် သူတိုနှစ်ယောက်ရဲ့အချစ်ဇတ်လမ်းလေး