[Zawgyi]
"လာပါ..လာပါ..ကြွပါဦး..လူကိုအနှောင့်အရှပ်ပေးကြတဲ့ဟာလေးတွေဘယ်ရောက်သွားလဲ..ဟိုတစ်ယောက်""ပြန်သွားပြီး"
Yoonကမကျေနပ်သလိုလိုနှင့်
"ဟွန့်"
ခနဲနေအောင်မာန်မဲတုံပြန်ကာမျက်စိရှေ့ထမင်းကြော်ပန်ကန်ကော်လိုက်ပြီးတစ်ဇွန်းခပ်ဝါးစားရင်း....
"ဒီလူ..ရိုးလှရိုးလှနဲ့အတော်လက်သွက်တာအခုမှပဲသဘောပေါက်တော့တယ်...ငါအိပ့်လို့ကောင်းနေတုန်းအချိန် ငါ့သူငယ်ချင်းကိုအလစ်သုတ်သွားတာများပြောကိုမပြောချင်ဘူး ပြီးတော့လမ်းကနေဖုန်းဆက်ပြီးလာကလိသေးတယ်....
Yoon တော့နောက်ကျကျန်ခဲ့ပြီးတဲ့..သွားရည်တမြားမြားကျပြီးJimin ကတော့ချောကလက်ပေးဖို့နေနေသာသာ ဟောက်လို့ကောင်းနေတုန်းတဲ့...ငါ့ကောင်းမှုကြောင့်ဒီလောက်အခြေနေရောက်လာတာကို..ငါ့ကိုပြန်အာခံချင်သေးတယ်..တင်းလိုက်တာ😑😑"
"သူကနင့်ကိုစတာပါဟယ်..မတင်းပါနဲ့"
"အောင်မယ်..အခုတော့ညည်းကသူ့ဘက်တော်သားကြီးဖြစ်နေပြီးပေါ့လေ ငါ့သူငယ်ချင်းkim seok jinများမှဟုတ်ရဲ့လားထူးဆန်းလိုက်တာ"
"မထူးဆန်းပါနဲ့ကွယ်..jiminရောဖုန်းဆက်ပြီးပြီးလား"
"သူများကိစွအသာထားစမ်းပါ၊ညည်းတို့အကြောင်းဆက်ပါဦး ဒင်းပြောတော့မြို့ပြင်ကားထွက်မောင်းတာဆို တော်သေးတာပေါ့ကားတင်မပြေးသွား.. ကံကောင်း"
"နင်ကလည်း ငါ့ကိုဒီလိုလာလုပ်လို့ရမလား မြို့ပြင်သွားတယ်ပြီးတော့ မြို့ပြင်နားက coffeeဆိုင်လေးမှာcoffeeဝင်သောက်တယ် ဒါပဲ"
"အဆင်ပြေနေကြတယ်ပေါ့😑"
"ဒီလိုပါပဲ မိတ်ဆွေအဆင့်ပဲရှိပါသေးတယ်"
"အေးပါ..အခုတော့မိတ်ဆွေအဆင့်ပေါ့ နောက်တော့လည်းနောက်ပေါ့..ဟွင်းဟွင်း😌😎"
"ကဲပါဟယ်..ငါအလုပ်သွားဖို့ပြင်လိုက်ဦးမယ်"
jinကပြောပြီးသည်နှင့်yoon ရဲ့နှာခေါင်းကိုဖျတ်ကနဲဆွဲညှစ်ကာအခန်းထဲဝင်ပြေးလာခဲ့သည်။
YOU ARE READING
အချည်နှောင်ခံရင်ခွင်
Romanceယောကျာ်းတွေကိုမုန်းနေတဲ့သူမ Kim Seok Jin သူမဘာလိုယောကျာ်းတွေကိုမုန်းနေလဲဆိုသိပ်သိချင်နေတဲ့ ဂျွန်ဂျောင်ကွတ် သူတိုနှစ်ယောက်ရဲ့အချစ်ဇတ်လမ်းလေး