အချည်နှောင်ခံရင်ခွင် အပိုင်း၂၅

291 36 8
                                    

[Zawgyi]
ဟော...မေမေပြန်ရောက်လာပြီး..ဘလိုလဲ  အဆင်ပြေခဲ့ရဲ့လားမေမေ၊သားတောင်မေမေ့ကိုလာကြိုဦးမလို့ပဲ၊မေမေဘယ်အချိန်ဖုန်းဆက်ခေါ်မလဲစောင့်နေတာ"

"Jung kook သည် အပြင်မှပြန်လာသောမိခင်ဖြစ်သူက်ုရွှန်းရွှန်းဝေအောင်နှုတ်ဆက်ရင်းတစ်ဖက်ကလည်းအလုပ်နဲ့လက်မပြတ်စေရ။
အလုပ်ဆို၍ကြီးကြီးကျယ်ကျယ်တော့မထင်လိုက်ပါနဲ့😂

မနက်ဖြန် Valentine dayမှာကောင်မလေးကိုချစ်ခွင့်ပန်ရင်းပေးဖို့ ချောကလက်နှင့် ပန်းစည်းကို ကိုယ်တိုင်ကိုယ်ကျအလှသထက်အလှဆုံးဒီဇိုင်းဖြစိအောင်မတောက်တခေါက်စိတ်ကူးညဏ်ဖြင့်ပုံဖော်မွမ်းမံနေခြင်းဖြစ်သည်။ သူ့ဘေးမှာကတ်ကြေး၊ကော်စသည့်အဆင်တန်ဆာပစွည်းတွေနှင့်ပြန့်ကျဲနေတော့သည်။
သူ့စတိုင်ကိုလည်းကြည့်ပါဦး
အိမ်မှာနေရင်း လက်ပြတ်အက္လျီအဖြူလေး၊ဘောင်းဘီအကွက်လေးနှင့်ဆံပင်ကို ဘီးကုပ်ဖြင့်လှန်တင်ထားသည့်ဗြုတ်စဗျင်းတောင်းပုံစံ။

(😁😁အယ့်လိုပုံစံလေးကိုကြွေနေတာပါနော် ‌army လေးတွေရောတူတူပဲမဟုတ်လား ဆွဲဆောင်မှုရှိတယ် ..ကိုယ့်ဟာကိုယ်တွေးကြည့်လိုက်😁😁)

သူကကျကျနနပင်ထိုင်ကာ ပစွည်းအားသေချာပြင်ဆင်နေတော့သည်။ မေမေကပတ်ချာလည်ဝိုင်းနေသောသူ့ပစွည်းများနှင့်သူ့ကိုတစ်လှည့်စီကြည့်ကာအနားမှာလာထိုင်သည်။ ပြီးတော့အချိန်အတော်ကြာအောင်ဘာစကားမှမဆိုပဲငေးကြည့်နေပါသည်။

"သား မေမေ့ကိုထမင်းစားဖို့စောင့်နေတာဗျ..ဒီနေ့မေမေချက်ထားတဲ့ဟင်းတွေအပြင် သားက ပဲကြာဇံလေးပါသုပ်ထားသေးတယ်..အဲ့ဒါမေမေ့ကိုစောင့်ရင်း...😁😁..အလုပ်ကြီးအကိုင်ကြီးလုပ်နေတာ"

"မေမေ့သားကလောကကြီးအကြောင်းဘာမှမသိနားမလည်သေးတဲ့ကလေးတစ်ယောက်ပဲနော်..ဘယ်အချိန်ကြည့်ကြည့်အပြစ်ကင်းစင်နေတယ်..ပြီးတော့အရမ်းလည်းချစ်ဖို့ကောင်းတယ်"

Jung kook ကမေမေ့စကားကြောင့်အံသြသင့်စွားဖြင့်နှုတ်ခမိးကိုစုချွန်ကာပြုံးရင်းရှက်ကိုးရှက်ကန်းဆိုမိပါသည်။

"😁😁....တို့မေမေကလည်း  လူကိုရှက်အောင်လုပ်ပြန်ပြီး..သားက မွေးကတည်းကချစ်ဖို့ကောင်းတာပါဗျ"

အချည်နှောင်ခံရင်ခွင်Where stories live. Discover now