[Zawgyi]
အဆက်လာပါပြီး😁😁😁
❤
❤
❤
❤
❤
သူ့ရဲ့စကားတွေကြားပြီး နမ်ဂျွမ်းကသူ့ပခုံးကိုတရင်းတနှီးပွေ့ဖက်ကာရယ်သည်။ သူကတော့ငူငူကြီးဖြစ်နေဆဲ။
"မင်းကငယ်ပါသေးတယ် ဂျောင်ကွတ်ရာ..မင်းအမေဆိုအခုထိမင်းကိုကလေးတစ်ယောက်လိုမြင်နေတုန်းပဲ...မင်းအကြောင်းကိုယ်တော်တော်များများသိထားတယ်ကွ"
သူကဘာမှပြန်မပြောဘဲ မဲ့ပြုံးသာပြုံးနေမိသည်။
"ဒါပေမယ့်..အခုမင်းခံစားနေရတဲ့ ဆော့ဂျင်ကိစ္စကိုတော့ မင်းအမေမသိသေးတဲ့ပုံဘဲ"
"ဒေါက်တာ...အခုကျွန်တော်အတော်လေးစိတ်တွေရှုပ်ထွေးနေပါတယ်။ ကျေးဇူးပြုပြီးစကားကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပေးပါလား...ကျွန်တော်ထပ်မူးသွားမှာဆိုးလို့😖"
"ကဲကွာ...ဒါဆိုလဲကိုယ်မင်းကိုတဲ့တိုးပဲမေးမယ်...မင်း ဆော့ဂျင်ကိုဘယ်လောက်အတိုင်းအတာထိချစ်လဲ"
ဂျောင်ကွတ်သည်သက်ပြင်းတစ်ချက်နှင့်အတူခေါင်းကိုတစ်ဖွဖွကုတ်နေမိသည်။ ၀န်ခံရမှာရှက်ပင်ရှက်မိပါသည်။
သူမအပျိုမစစ်ကြောင်းသိလိုက်ရတဲ့အချိန်မှာရုတ်တရက်အံအားသင့်ဖြစ်သွားတာကလွဲလို့သူ့ချစ်ခြင်းတွေအရာမယွင်းခဲ့ပါ။ တဂယ်တော့သူဂျင့်ကိုချစ်မိသွားတာက ပျိုတာအိုတာတွေနဲ့ဘာမှသက်ဆိုင်မှုမရှိချေ။ သူကတစ်ခြားယောကျာ်းတွေလိုမဟုတ်ပါ။
"ဂျောက်ကွတ်.....ဖြေလေ"
"ကျွန်တော်ဝန်ခံပါတယ်...သူ့ကိုအရမ်းချစ်တယ်"
"ကိုယ်နဲ့သူပြန်တွဲခုတ်နေတယ်လို့ကြားတုန်းကမင်းဘလိုခံစားရလဲ ရှက်စရာမလိုဘူးနော်..အမှန်တိုင်းဖြေပါညီ"
"ပြောရမယ်ဆိုရင် ကျွန်တော်နာကျင်ခဲ့ရပါတယ် Dr....ကျွန်တော်ကသူအတိတ်မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့တစ်သက်လုံးဖြူဖြူစင်စင်နဲ့ချစ်သွားနိုင်မယ့်ယောကျာ်းမျိုးပါ၊ကျွန်တော့အချစ်မှာတွက်ချက်မှုတွေမပါဘူး၊သူကျွန်တော့်ချစ်ရေးဆိုမှုကိုပြန်လက်ခံတယ်ဆိုရင်တောင်ကျွန်တော်ကသူ့ရဲ့ဘ၀တစ်ခုလုံးစာလက်တွဲဖိုါအဘက်ဘက်ကပြည့်စုံအောင်ကြိုးစားတော့မှာပါ.....
YOU ARE READING
အချည်နှောင်ခံရင်ခွင်
Romanceယောကျာ်းတွေကိုမုန်းနေတဲ့သူမ Kim Seok Jin သူမဘာလိုယောကျာ်းတွေကိုမုန်းနေလဲဆိုသိပ်သိချင်နေတဲ့ ဂျွန်ဂျောင်ကွတ် သူတိုနှစ်ယောက်ရဲ့အချစ်ဇတ်လမ်းလေး