အချည်နှောင်ခံရင်ခွင် အပိုင်း၁၁

329 45 0
                                    

[Zawgyi]
Jung kookသည် မိတ်ဆွေတစ်ယောက်နှင့်အလုပ်ကိစွဆွေးနွေးပြီးနောက် ငါးကင်ကြိုက်သောမေမေ့အတွက် ၀င်ဝယ်ဖို့ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်သို့ဝင်လိုက်သည်။

သူကဆိုင်ဝန်ထမ်းလေးအား ပစွည်းမှာပြီးဝိုင်းတစ်ဝိုင်းမှာထိုင်စောင့်နေခိုက်

"ဟင်"

သူမ၊   သူမနှင့် Yoonကိုတွေ့လိုက်ရတော့ ထသွားနှုတ်ဆက်ရနိုးနိုး ချိတုံချတုံဖြစ်သွားရသည်။ သွားနှုတ်ဆက်ရင် ဘယ်လိုများဖြစ်သွားမလဲ၊လူကြားထဲအော်ငေါက်နေခံရရင် ဒုတ်ခ(ပြဿနာ)။ သို့သော်အခွင့်အရေးကိုလက်လွတ်မခံနိုင်၍နှုတ်ဆက်ချင်စိတ်လည်းထိန်းမနိုင်သိမ်းမရ။

နောက်ဆုံမှာ သူဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စဉ်းစားခန်းဝင်နေသည်မှာ   သူမှာထားသည့် ပစွည်းရောက်လာတဲ့အထိပင်။ ထိုခဏမှာပဲ သု့ခေါင်းထဲအကြံတစ်ချက် လက်ခနဲပေါ်လာသည်။

"ဘယ်လောက်ကျလဲညီလေး"
"အားလုံးပေါင်း၊၀မ်ငါးထောင်ပါ အစ်ကို"
"ဟိုအစွန်းက၀ိုင်းအတွက်ပါ၊ကိုယ်တစ်ခါတည်းရှင်းသွားမယ်၊ဘယ်လောက်ကျလဲ"
"ခဏ"
ဟူဆိုကာသူမတို့စားထားသည်များကိုပါထည့်တွက်ပြီး
"၀မ်ရှစ်ထောင်ပါသူတို့က၊အားလုံးပေါင်းဝမ်တစ်သောင်းသုံးထောင်ပါ အစ်ကို"

သူက ကျသင့်ငွေကိုရှင်းပြီးYoonနဲ့Jin မမြင်အောင်စာပွဲဝိုင်းတွေနဲ့ကွယ်ပြီးအပြင်ကိုထွက်လာခဲ့သည်။ ထို့နောက်ကိုယ့်ကားပေါ်ကိုအသာလေးတတ်ထိုင်ပြီး သူမတို့အထွက်အလာကိုစောင့်နေသည်။

ခဏအကြာတော့ တစ်ယောက်နှင့်တစ်ယောက်ငြင်းခုန်နေကြဟန်နဲ့ထွက်လာကြသည်။ ကြည့်ရတာ ပိုက်ဆံရှင်းခဲ့သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သု့ထက်ငါအပြိုင်အဆိုင်လုရက်ငြင်းခုန်နေကြပုံ။
အမြဲလိုလိုတည်ငြိမ်ပုပ်နေသောသူမမျက်နှာဟာ  ဒီနေ့တော့မျက်မှောင်လေးကြုံလို့။
တီးရှပ်အဖြူအပွလေးကိုဂျင်းစကတ် အကျတ်ဒူးဖုံးလေးဝတ်ဆင်ပြီးShoesအသားရောင်လေးစီးထားပြီး ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ အိတ်ကိုစလွယ်တိုင်းလေးလွယ်လာသောပုံလေးကိုသူငေးကြည့်ရင်း ရင်တွေဒဒိတ်ဒိတ်ခုန်လာသည်။
ဒီနေ့Sundayဆိုတော့ သူတို့နှစ်ယောက်လျှောက်လည်ကြတယ်နဲ့တူပါသည်။
Jung kook သည်ကားပေါကနေဆင်း၍သူတို့နားသို့အသာလေးလျှောက်လာပြီး သူမကိုမခေါ်ရဲတာမို့ Yoon ကိုသာခေါ်လိုက်သည်။
စိတ်ထဲမှာတော့သူမနာမည်လေးကိုခေါ်ချင်တာတော့အမှန်ပင်။
"ဟင် ...Jung kook ပါလား..ဘယ်ကလာတာလဲဟင်"
"‌ဒီနားပါ..ကိစွတစ်ခုရှိလို့"
"ကျွန်မတို့နှစ်ယောက်ဒီမှာအုံးစားနေကြတာJung kook ရဲ့အကင်ဆိုင်မှာစားနေတုန်းကျွန်မတို့မသိအောင်လူတစ်ယောက်က ပိုက်ဆံခိုးရှင်းသွားလို့ အဲ့ဒါ ၀ိတ်တာလေးကိုမေးကြည့်လိုက်တော့..အင်းကျီနက်ပြာရောင်လေးဝတ်ထားတဲ့......ဟင်...ရှင်...ရှင်လည်း နက်ပြာရောင်ပဲ.....မဟုတ်မှလွဲရော..."

အချည်နှောင်ခံရင်ခွင်Where stories live. Discover now