7

5.6K 950 152
                                    

For Zawgyi

ရက်အတော်ကြာလောက် အခန်းအောင်းပြီးနောက် SeokJin စိတ်တို့အ ခြေတည်စ ပြုလာပြီဖြစ်သည်။

မဆုံလိုသောမျက်နှာနှင့် တွေ့ ရမည်စိုးသော်လည်း အကြောင်းမဲ့ ကျောင်းပျက်ရက်များပြီမို့ သူသွားမြှဖစ်တော့မည်။

အပြာရောင်လွင်လွင်ရှပ်ကလေးတစ်ထည်ကိုဝတ်လိုက်ပြီး
မှန်ထက်ဝယ်ပေါ်နေသော သူ့သွင်ပြင်ကိုတစ်ချက်ကြည့်ကာ စိတ်ထဲမှအမှတ်ပြည့်ပေးလိုက်သည်။ ဘယ်လောက်ပြည့်စုံလိုက်သလဲ?
ကံဆိုးလွန်းလို့ Kim Namjoonလိုကောင်ကိုကြိုက်ခဲ့မိလို့သာ ဒီလိုမာနထိခိုက်ရတာ။

သူလဲပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး

လို့တော့ထင်တာပဲ။

သူအခန်းထဲကထွက်လာတော့ ခြံထဲကနှင်းဆီတွေခူးလာပုံရသည့် အမေ့အားတွေ့ သည်။

"ငပျင်းလေး ကျောင်းသွားပြီပေါ့"

နှင်းဆီရနံ့သင်းကြည်ကြည်လေးတွေကြောင့် သူ့စိတ်တွေရွှင်လန်းလာရတော့အမှန်ပင်။

" သားကိုတစ်ပွင့်ပေး"

"အမယ် ဘယ်ကောင်မလေးကိုပေးမလို့လဲ"

ကောင်မလေး?မဖြစ်နိုင်တာ။
စိတ်ထဲက‌နေKim Namjoonမျက်နှာပေါ်နှင်းဆီပန်းပွင့်ကြီးပန်ပေးလိုက်သည်။
ထို့နောက် နှုတ်ခမ်းကပင်အသံထွက်ရယ်မိမတတ် ပင်။

"ဒီအတိုင်း အနံ့လေးစိတ်ကြည်လို့ပါ မေမေရာ"

ပန်းနုရောင်စိုစိုနှင်းဆီတစ်ပွင့်ကိုဆတ်ခနဲဆွဲယူလိုက်ပြီး ‌ နှုတ်ဆက်ကာ အိမ်ပေါ်မှာ အမြန်ပြေးဆင်းလာခဲ့သည်။

ထို့နောက် ကြည်လင်နေသော ကောင်းကင်ကြီးအားနောက်ခံထား၍ နှင်းဆီငုံလေးအား ကြည့်လိုက်သည်။
အရိပ်ထဲတွင်တော့ အမှတ်မရှိနိုင်သည့် သူ့နှလုံးသား‌လေးအားတွေ့ ရ၏။

.
.
.
.

စိတ်ရှုပ်စရာကောင်းစွာ မြည်နေသောဖုန်းကိုလျစ်လျူရှုလိုက်ပြီး Namjoonကားကိုရပ်လိုက်သည်။

တွန့်ချိုးရလွန်း၍ ညောင်းညာနေသော မျက်ခုံးတွေ ကိုအနားပေးရန် လမ်းဘေးဝဲယာကို အကြည့်လွှဲတော့ မြင်ကွင်းထဲဝင်လာသည့် ဖုန်မှုန့်ငယ်လေး။

Yellow PoemWhere stories live. Discover now