16

5.5K 950 75
                                    

For Zawgyi

စာသင်နှစ်ပြန်အစမှာတော့SeokJinကျေုာင်းလာရတာအနည်းငယ်ရှိုးတို့ရှန့်တန်းဖြစ်နေသည်။
Namjoonနဲ့ကျောင်းမှာတွေ့ ရင်ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ ကိုတစ်ညလုံးစဉ်းစားရင်း အိပ်၍ပင်မ ပျော်..

မည်သို့ပင်ဖြစ်စေ သူတို့အကြောင်းကို ဘယ်သူမှမရိပ်မိအောင်နေမြှဖစ်မည်။Namjoonအတွက်စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခြုဖစ်လာမှာကိုလည်း သူမကြိုက်ပါ။

"ဟိုကောင် SeokJin"

ကျောင်းထဲဝင်ဝင်ချင်း မစိမ်းလှသော ငှက်ဆိုးထိုးသံကြောင့် ခြေလှမ်းတို့ကိုရပ်ကာစောင့်လိုက်သည်။ Jaewookကမြောက်ကြွကြွနှင့် လက်တွင်ကိုင်ထားသော သော့ကိုဝေ့ပတ်ကစားပြသည်။

"အော် စက်ဘီးနဲ့လာတာလား"

အပီအပြင်ကြွားမည်ဟန်ပြင်နေသော Jaewookနင်သွားဟန်တူသည်။
သူသိသားပဲ Jaewookအဖေသူ့သားကို ကားဝယ်ပေးလိုက်သည့် ကိစ္စက သူတို့ရပ်ကွက်၏ ထိပ်တန်းသတင်း‌ရက်အတော်ကြာဖြစ်လိုက်သေးသည်မဟုတ်ပါလား။

"ဒါကားသော့ကွ..ကြည့်ထား"

"ဟမ့် Namjoonကားခြေဖျားတောင်မမှီပဲနဲ့"

Jaewookမျက်လုံးတြွေပူးကျယ်ကာ သူ့ အနားကပ်လာပြီး

"ဘာပြောတာ?? "

"အမ်...ဘာလဲ ငါဘာပြောတာလဲ
လာပါ သွားရအောင် နောက်ဆုံးခုံဦးရအုံးမယ်လေ"

ငတုံးJaewookကနင်တင်တင်နှင့်လိုက်လာသည်။ ဘာမှဆက်မမေးတော့သဖြင့် ကံကောင်းသည်ပြောရမည်။

အိမ်း.....ဒီပါးစပ်နဲ့တော့ ဒုက္ခပါပဲ...။
.
.
.
.
.
.
ပထမဆုံးရက်တြွေဖစ်သဖြင့် စာက သိပ်အများကြီးမသင်။ ခနပဲဝင်ကာ ထွက်သွားသော ဆရာမကြောင့် သူတို့တစ်တန်းလုံး ပျော်ရွှင်မြူးထူးစွာ ဆင်းဖို့ပြင်နေကြပြီဖြစ်သည် ။

SeokJinလက်ထဲကဖုန်းကိုကြည့်ကာ သက်ပြင်းအခါခါ ချနေမိသည်။
ဒီအတိုင်းအိမ်ပြန်လိုက်ရတော့မှာလား..
Namjoonတို့ဌာန အောက်ပဲ သွားစောင့်နေရမည်လားမသိ။

ဟိုကောင်တွေနှင့်အတူ လိုက်သွားပြန်ရင်လဲ Namjoonဒေါသထွက်နေမည်ထင်သည်။
အာ!စိတ်ရှုပ်လိုက်လေခြင်း..
ဒီလိုမှန်းသိရင် ကိုယ့်ဘာသာ တိတ်တိတ်လေးပဲကြိုက်နေပါတယ် ဘာလုပ်ဖို့တွဲမိပါလိမ့်??

Yellow PoemWhere stories live. Discover now