For Zawgyi
တစ်နေ့ တစ်နေ့ ကျောင်းမှာလည်း Kim Namjoon၏နာမည်ကို မကြားရသည့်နေ့ကိုမရှိအောင် ထိုအမည်ကား ဒုက္ခပေးလွန်းသည်။
အရင်ကကျောင်းယူနီဖောင်း ဆံပင်အမည်းတိုတိတိနဲ့တောင် ကြည့်ကောင်းလွန်းရတဲ့ ကောင်က ယခုဆို ပြောဖွယ်ရာပင်မရှိတော့။
"အား!!Kim Namjoon"
ရှေ့နားမှ အော်သံစူးစူးက သူ့အတွေးတို့ကို
အဝိုင်းလည်ပြတ်တောက်စေသည်။
ဒီနေ့က မေဂျာအလိုက်အားကစားပွဲပထမနေ့။
လက်ဆင့်ကမ်းပြိုင်ပွဲ ဗိုလ်လုပွဲအတွက် သူတို့မေဂျာနှင့် Kim Namjoonတို့မေဂျာ ပြိုင်ရမှာဖြစ်သည်။အားကစားကွင်းထဲလှမ်းကြည့်လိုက်တော့ မြက်ခင်းပြင်ပေါ် အကြောဖြေလျှော့နေကြသူများကိုတွေ့ သည်။ ထိုအထဲတွင်မှ ထင်းထွက်နေပါသော သူ၏ ဒုက္ခအိုးချောချော..
အနက်ရောင်မေဂျာအကျီ် နှင့်အားကစားဘောင်းဘီတိုပွပွက ရိုးရှင်းသော်လည်း သူဝတ်ပြန်တော့ တော်ဝင်ဆန် နေသည်။
အရမ်းဘက်လိုက်ရာကျသွားမလား မသိပေမဲ့ တကယ်အမှန်တရားပင်ဖြစ်သည်။
ရေဘူးကိုလက်ကကိုင်ကာ ပြေးလမ်းကိုလက်ညိုးတစ်ထိုးထိုးနှင့် ဘေးကလူအားစကားတွေ ပြောနေသည်။
လုပ်စမ်းပါ!ဒါကျောင်းပြိုင်ပွဲသေးသေးလေးပဲကို ပေါ့ပေါ့ပါးပါးပြိုင်လိုက်လို့မရဘူးလား။
တအားအလေးအနက်တွေထားပြီး သူကလုပ်နေတော့ ဘေးကလူတွေမှာလည်း နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားပြီးတွေ၏ ဟန်မျိုး ပြုနေရတော့သည်။အမြင်ကတ်လိုက်တာ!
ရွှီး..
ခရာသံနှင့်အတူ တာထွက်ပြေးသော အပြေးသမားတွေကို Seok Jinစိတ်မရောက်။
မျက်မှောင်ကြီးကြုံ့ခါးထောက်ကာ အာရုံစူးစိုက်နေသော ထိုပုံရိပ်က ဖမ်းစားထားတာမို့..လက်ဆင့်ကမ်းသည့်တုတ်ကိုယူကာ
Kim Namjoonပြေးတော့လည်း တကယ်အနုပညာဆန်လှသည်။ဝေ့ဝဲနေသည့်ဆံပင်တွေ..
သွက်လက်ပေါ့ပါးနေသည့် ခြေလှမ်းကြွကြွတွေ
အားပေးသံတွေကလည်း ကိုယ့်မေဂျာကလူတွေကပါ အော်ဟစ်ကာ ကမ္ဘာတွေပျက်နေကြပြီဖြစ်သည် ။