2

3.2K 263 8
                                    

#Ep1နဲ့ကဆက်စပ်နေတာမို့လို့မမှတ်မိရင်နောက်ပိုင်းလေးဖြစ်ဖြစ်ပြန်ဖတ်လိုက်ရင်အဆင်ပြေမယ်ထင်တယ်။✌️
--------------------------------------------------------

        အတော်ကြာမှ သူထလာပြီး ကျွန်တော့်မျက်ရည်တွေကို သုတ်ပေးနေတယ်။

      
       "Tae ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို ဘာလို့ကြည့်နေရတာလဲ?မဟုတ်မှ.....
Tae ကျွန်တော့်ကို မမှတ်မိဘူးလား?"

       
         သူအလန့်တကြား ပြောလာတော့ ကျွန်တော် အံ့ဩမိတယ်။ကျွန်တော့်ရဲ့မျက်လုံးတွေကို စာအုပ်တစ်အုပ်လို ဖတ်နေနိုင်တဲ့သူ့ကြောင့်ပေါ့။

       
         "ဪ..ဟုတ်သားပဲ။Tae မှလှုပ်ရှားလို့မရတာ။အင်း....ရတယ်....Tae ကျွန်တော့်ကို
မမှတ်မိဘူးဆိုရင် မျက်တောင်နှစ်ချက် ခတ်ပြပါလား?"

          
           ဒါဆို....သူကကျွန်တော်စကားမပြောနိုင်တာ မလှုပ်ရှားနိုင်တာကို သိနေတာပေါ့။
ကျွန်တော်လည်း သူ့ကိုမမှတ်မိတာနဲ့ မျက်တောင်နှစ်ချက် ခတ်ပြလိုက်တယ်။
သူ.......ကုတင်ဘေးမှာ ဒူးထောက်ကျသွားတယ်။

        
          "ကျွန်တော့်ကြောင့်........ကျွန်တော့်ကြောင့်.......Tae ဒီလိုဖြစ်ရတာ"

  
          သူပြောရင်းရှိုက်ကြီးတငင်ငိုနေတယ်။နောက်တော့ သူ ခေါင်းကိုခါ မျက်ရည်တို့ကိုသုတ်ပြီးပြောလာတယ်။

       
           "ဟင့်အင်း...ဘာမှမဖြစ်ဘူး။Taeမမှတ်မိလည်း ကျွန်တော်က အကုန်ပြောပြမှာမို့။Tae အကြောင်းတွေကို ကျွန်တော်ကအသိဆုံးလေ။"

            ကျွန်တော့်ကို ငုံ့ကြည့်နေတဲ့သူက ကျွန်တော့်ရဲ့နဖူးက ဆံပင်တွေကို သပ်ပေးရင်းပြောလာတယ်။

           သူ့ရဲ့မျက်နှာက မချွန်မဝိုင်းပဲ လေးထောင့် အနည်းငယ်ကျတယ်။

         နက်မှောင်တဲ့ဆံပင်ကို နဖူးပြင်ပေါ်အောင် ရှေ့မှာ အနည်းငယ် ခွဲထားတယ်။

         မထူမပါး အနက်ရောင်မျက်ခုံးတစ်စုံက ယောင်္ကျားဆန်အောင်ပံ့ပိုးပေးနေသလို။

          ဝိုင်းစက်ကြည်လဲ့နေတဲ့ မျက်ဝန်းကြည်တွေကို ကျွန်တော်အကြောင်းမဲ့ သဘောကျမိတယ်။ 

Together in CycleWhere stories live. Discover now