5

1.9K 208 5
                                    

Unicode            
            
            သော်တာလမင်းအတွက် ထွန်းလင်းဖို့ နေမင်းရဲ့ရောင်ခြည် လိုအပ်တယ်။

            
              အထီးကျန်နေသူအတွက် ပျော်ရွှင်ဖို့
လူတစ်ယောက်ရဲ့ဖေးမမှု လိုအပ်တယ်။

             ကျွန်တော်ကလေးဘ၀တုန်းက မိတ်ဆွေသူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုတွေကြောင့် တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတယ်။

            
                 အခုအချိန်အထိ ခင်မင်လို့ လာမိတ်ဖွဲ့တဲ့သူတွေကတော့ Jungkook တစ်ယောက်တည်းမဟုတ်ခဲ့ဘူး။အများကြီးပေါ့။

               
                 အားလုံးရဲ့တောင်းဆိုမှုတွေကို သံသယစိတ်တွေနဲ့ ငြင်းပယ်ခဲ့တဲ့ ကျွန်တော်က သူ့ကိုတော့ သံသယကင်းကင်း လက်ခံခဲ့တယ်။

             နှလုံးသားရဲ့ ဆုံးဖြတ်ချက်ပေါ့လေ။

           "Tae ကလေ artist တွေထဲမှာဆိုရင်
Vangogh ကို အကြိုက်ဆုံး
            အသီးတွေထဲမှာဆိုရင် strawberry
ကို အကြိုက်ဆုံး
           ပြီးတော့ coffeeအခါးတွေမကြိုက်ဘူး
spicyလည်းမစားနိင်ဘူး
           အစားအစာထဲမှာ Japchaeကိုအကြိုက်ဆုံး
            ပြီးတော့ ××××××××××××××××"

           ကျွန်တော့်အကြောင်းတွေကို တစ်တွတ်တွတ် ပြောပြနေတဲ့ jungkook.......
မင်းမပြောလည်းရပြီ...ငါအားလုံးကို မှတ်မိပြီမို့။

             ကျွန်တော်နဲ့jungkookနဲ့က ဝါသနာတော်တော်များများတူတော့ ခဏလေးအတွင်းမှာ တော်တော်ရင်းနှီးခဲ့တယ်။

              ခဏလေးဆိုပေမယ့် ကျွန်တော့်ရဲ့သူ့အပေါ်ထားတဲ့ သံယောဇဉ်တွေက ကြီးမားနေခဲ့ပြီ။ဟုတ်တယ်.....ကျွန်တော့်ရဲ့ နှလုံးသားကို သူ အကြီးအကျယ် လွှမ်းမိုးနေခဲ့ပြီ။ 

              အရင်တုန်းက တစ်ယောက်တည်းနေတတ်တဲ့ ကျွန်တော်က အခုဆိုရင် သူလာမယ့်အချိန်ကို မျှော်နေတတ်ပြီ။

              အရင်တုန်းက အိမ်ကလာကြိုမယ့်ကားကို စောင့်နေတတ်တဲ့ ကျွန်တော်ကအခုတော့ driver ကိုပြန်စောင့်ခိုင်းနေတတ်ပြီ။

              ဦးနှောက်က
                     "မင်းသူ့ကို ချစ်လို့မရဘူး"
လို့ အတန်တန်သတိပေးနေတာကို
        
               နှလုံးသားက လျစ်လျှူရှုပြီး
                   "ငါသူ့ကို အချစ်တွေ တိုးနေပြီ"
တဲ့လေ။

Together in CycleWhere stories live. Discover now