Unicode
မျက်ဝန်းတွေက မလိမ်နိုင်ဘူးဆိုတာကို ယုံလား?
မင်းကို ဘယ်လောက်ထိချစ်ကြောင်းကို မပြောနိုင်တာမို့ ငါ့ရဲ့မျက်ဝန်းတွေကြားမှာ အဖြေရှာပါ Jungkook။နက်နဲတဲ့ချစ်ခြင်းတွေကို မင်းမြင်ရမှာမို့။"Tae Taeရဲ့အမေ ကျွန်တော်တို့ကို ရှာတွေ့သွားပြီထင်တယ်။ကျွန်တော်တိာ့ မြန်မြန်ထွက်ပြေးမှ ဖြစ်မယ်"
JungKookပြောလည်းပြော ချီလည်းချီပြီး ခြံထဲကို ပြေးဆင်းတော့တာပဲ။
ခြံရှေ့က ကားလမ်းကို ဖြတ်ပြီး တစ်ဖက်က တောထဲကို ပြေးနေတဲ့Jungkook
ကျွန်တော့်ကြောင့် သူပင်ပန်းရတာ
ကျွန်တော့်ရဲ့အပြစ်တွေပဲ။"JeonJungkook ငါ့သားကိုပြန်ပေးစမ်း။မင်းတို့တွေ အဲ့ကောင်ကို မိအောင်လိုက်ဖမ်း။သူ့ကို အရှင်မဖမ်းလည်းရတယ်"
မေမေကသူ့တပည့်တွေကို အမိန့်ပေးနေတာ။
"အခုချက်ချင်း ရပ်လိုက်"
ဆက်မပြေးဖို့ အော်ပြောနေတဲ့ သူတို့ရဲ့အသံတွေက တဖြည်းဖြည်း နီးကပ်လာတယ်။
JungKookရဲ့ မောဟိုက်သံတွေကိုလည်း ကျွန်တော် ပီပီပြင်ပြင် ကြားနေရတယ်။
"ဘာလုပ်နေတာလဲ?ပစ်လိုက်တော့"
မေ့မေ့ရဲ့ အမိန့်ပေးသံအဆုံး ထွက်လာတဲ့ သေနတ်သံတွေနဲ့အတူ ကျွန်တော်တို့ နှစ်ယောက်လုံး မြေပြင်ပေါ် လဲကျသွားတယ်။
အခု......ကျွန်တော်ရဲ့ မျက်စိရှေ့ အနည်းငယ် လှမ်းတဲ့ တစ်နေရာမှာ လဲကျနေတဲ့Jungkook။သူ......ကျွန်တော့်ကို ငေးကြည့်နေတယ်။သူ့ရဲ့ မျက်ဝန်းတွေက မျက်ရည်တွေနဲ့ ပြည့်နှက်နေတယ်။
သေချာပေါက်....ကျွန်တော်လည်း ငိုနေပါတယ်။သူ.......ကျွန်တော့်ဆီ တွားလာနေတယ်။
ကျွန်တော်.......အသက်ရှူမဝဘူး။ဟင့်အင်း....ရှူလို့ကို မရတော့တာ။
ကျွန်တော့်လို လူနာတစ်ယောက်က ဆေးရုံပေါ်မှာ စက်အကူနဲ့ အသက်ရှင်နေရမှာမှန်ပေမယ့် ကျွန်တော် နောင်တ မရဘူး။
YOU ARE READING
Together in Cycle
Fanfiction"𝘾𝙖𝙣'𝙩 𝙬𝙚 𝙗𝙚 𝙖𝙡𝙬𝙖𝙮𝙨 𝙩𝙤𝙜𝙚𝙩𝙝𝙚𝙧 𝙞𝙣 𝙩𝙝𝙞𝙨 𝙪𝙣𝙧𝙞𝙜𝙝𝙩𝙚𝙤𝙪𝙨 𝙘𝙮𝙘𝙡𝙚?" This is my first fanfiction and will include few episodes.Please enjoy♡︎