4

2.1K 228 26
                                    

Unicode

            ဟုတ်တယ်။ကျွန်တော်က မွေးရာပါMuteတစ်ယောက်။လူသားချင်းအတူတူတောင် အနှိမ်ခံရတယ်။အနိုင်ကျင့်ခံရတယ်။အပယ်ခံရတယ်။

             "မင်းနဲ့ သူငယ်ချင်း မဖြစ်ချင်ပါဘူး Taehyung ရာ။တစ်ခါတစ်ခါ စကားပြောရင် မင်း စာနဲ့ရေးပြတာကို စောင့်နေရတာ စိတ်ပျက်ဖို့ကောင်းတယ်"

         
             "ဟေ့ Taehyung အရူးကောင် မင်းက ချမ်းသာတာလေးပဲရှိတာ။ဘာမှ သုံးစားလို့ ရမှာမဟုတ်ဘူး။"

             "ပျော့တီးပျော့ဖတ်နဲ့။ဟေ့ကောင် ငါတို့ကို ပြန်ဆဲလေ ပြန်ထိုးလေ ha ha ha ha"

             အဲ့တုန်းက အဖေလည်း မြို့နယ်အမတ် မဖြစ်သေးလို့ထင်ရဲ့ အဖေ့ရဲ့အာဏာက ဘာမှ မထိရောက်ခဲ့ဘူး။

             အထီးကျန်ဆန်လွန်းတဲ့ အချိန်တွေကြောင့် အခန်းထောင့်မှာ ငိုကြွေးခဲ့ရတာတွေက အကြိမ်ပေါင်းများစွာ။

            "မေမေ့အမှားပါ သားလေးရယ်....... အခုကစပြီး အိမ်မှာပဲ စာသင်တော့နော် မေမေက ဆရာတွေကို အိမ်ခေါ်ပေးမှာမလို့"

              "မိန်းမ သားလည်းအဂွယ်ရောက်ပြီဆိုတော့ university ကိုတော့ သွားတက်ခိုင်းလိုက်ပါကွာ။ငါ့လက်အောက်မှာပဲကို အဆင်ပြေမှာပါ"

               - - - - - - - - - - - - - - - - - -

       ဒါဆို.... သူက ကျွန်တော့်ကို Mute တစ်ယောက်ဆိုတာ သိလျက်နဲ့ ချစ်ခဲ့တာပေါ့။

      
            "Tae ကလေ အတန်းတက်ခဲတယ်။Library မှာပဲ တစ်ချိန်လုံးရှိနေတာ။အဲ့ဒါကြောင့် ကျွန်တော်လည်း အတန်းပြီးပြီဆို library ကိုပဲ တန်းသွားတာ။အခြားသူတွေကတော့ ကျွန်တော့်ကို စာဂျပိုးလေးလို့ ထင်မှာပဲ။တကယ်တော့ ကျွန်တော်က Tae ကို ငမ်းချင်လို့လေ"

              သူက.... မဟုတ်ဘူး jungkookက ပြောရင်း ရှက်လို့ထင်ရဲ့ ရှေ့သွားနှစ်ချောင်းလေးပေါ်တဲ့အထိ ရယ်နေတယ်။မမြင်နိုင်တဲ့ ကျွန်တော့်ရဲ့ အပြုံးတွေကိုလည်း သူ့ကို တွေ့စေချင်တယ်။

             "Tae က စာဖတ်ရင်း strawberry ဖျော်ရည် အမြဲသောက်တယ်။
           နေ့တိုင်း ကျွန်တော်က Tae ရဲ့ မျက်နှာချင်းဆိုင်မှာ စာဖတ်တယ်။
           အဲ......စာဖတ်ချင်ယောင်ဆောင်တယ်ပေါ့။
           တစ်နေ့ ကျွန်တော် Tae ကို ခင်ဖို့ခွင့်တောင်းမှ Tae ကသတိပြုမိတာ"

Together in CycleWhere stories live. Discover now