6

1.8K 220 6
                                    

Unicode

တစ်ချို့လူတွေက လည်ပတ်နေတဲ့ ဒီသံသရာကြီးထဲကနေ လွတ်မြောက်ဖို့ ဆုတောင်းကြတယ်။ဟင့်အင်း......ကျွန်တော်ကတော့ ဒီသံသရာတစ်လျှောက်လုံးမှာ သူနဲ့ပဲ အတူဖြတ်သန်းရပါစေ လို့ဆုတောင်းတယ်။

အခြားသူတွေကJungkookကိုပြောကြတယ်။ကျွန်တော်က မြို့နယ်အမတ်ရဲ့သားမို့လို့ လိုက်ကပ်နေတာတဲ့။

အဲ့လို အတင်းအဖျင်းတွေကို ကျွန်တော်ရောjungkookပါ ဂရုမစိုက်ဘူး။
ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်းကို ကျွန်တော်တို့သာအသိဆုံးမို့။

JungKookကကျွန်တော့်ကို အရမ်းဂရုစိုက်တာ။သေးသေးမွှားမွှားလေးတွေကအစ။ဥပမာ ရေဘူးအဖုံးဖွင့်ပေးတာ
စာအုပ်တွေ သွားပြန်ထားပေးတာ အဲ့လိုမျိုးတွေပေါ့။

ကျွန်တော့်ရဲ့ နတ်သားလေးကို သူတို့မို့ပြောရက်တယ်။

ကျွန်တော်ရောက်နေတဲ့ ဒီအိမ်လေးက Jungkookနဲ့အတူတုဝယ်ထားတာ။ကျောင်းပြီးရင်အတူတူနေဖို့ပေါ့။

အဲ့အချိန်ကျရင်မေမေတို့ကို jungkookနဲ့ကျွန်တော့်အကြောင်း ပြောပြဖို့ စီစဉ်ထားပေမယ့် မေမေက ကြိုသိသွားခဲ့တယ်။

ကျွန်တော် Jungkookနဲ့မခွဲနိုင်တဲ့အကြောင်းတွေ ကျွန်တော်တို့နှစ်ယောက်ရဲ့ အစီအစဉ်တွေကို ဖွင့်ဟလိုက်တော့ ရလိုက်တာက နာကျင်ပူနွေးသွားတဲ့ ပါးတစ်ဖက်နဲ့
"မေမေ သားကို ခွင့်မပြုနိုင်ဘူး" ဆိုတဲ့စကား။

အမတ်ရဲ့သားဖြစ်သူက စကားမပြောနိုင်တာနဲ့တင် နှိမ့်ချခံနေရတာ။အခု ယောင်္ကျားလေးချင်းပါ ကြိုက်လို့တဲ့လေ။

ဒါ.........သဘာဝကို လွန်ဆန်တဲ့ ကျွန်တော့်ရဲ့ အပြစ်လား?
ဒါမှမဟုတ် လွန်ဆန်ခွင့်မပေးတဲ့
သဘာဝရဲ့ အပြစ်လား?

အဲ့ဒီနေ့ကစပြီး မေမေ ကျွန်တော့်ကို ကျောင်းမလွှတ်တော့ဘူး။အပြင်ထွက်ခွင့် မပေးတဲ့အပြင် ဖုန်းပါသိမ်းသွားတယ်။

ဖေဖေကတော့ ကျွန်တော့်ကို သားလို့တောင် အသိအမှတ်မပြုဘဲ လျစ်လျူရှုခဲ့တယ်။

JungKookနဲ့လည်းအဆက်အသွယ်ပြတ်သွားတယ်။ကျွန်တော်......သူ့ကို သိပ်လွန်းတယ်။မေမေ တစ်ခုခုလုပ်လိုက်မှာလည်း စိုးရိမ်တယ်။

Together in CycleWhere stories live. Discover now