7

1.6K 208 7
                                    

Unicode

                ဘုရားသခင်သာ ငါ့ရဲ့အသံကို ခဏလေးဖြစ်ဖြစ်ပေးမယ်ဆိုရင် မင်းရဲ့ ဝိုင်းစက်စက်မျက်ဝန်းတွေကို ငေးကြည့်ရင်း မင်းကြားချင်တဲ့ စကားလေးကို တဖွဖွပြောမယ်။

             "ငါမင်းကိုသိပ်ချစ်တယ်" လို့လေ။

            
             ကျွန်တော်တို့ ချစ်သူဖြစ်ပြီး1month
Anniversary မှာ Jungkook ကပြောတယ်။

          
           "တစ်ခါတစ်လေကျရင် ဖုန်းနဲ့typeပေးတာမဟုတ်ဘဲ Tae ကိုယ်တိုင် ချစ်တယ် လို့ပြောတာကို ကြားချင်တယ်" တဲ့။

            ကျွန်တော်...အဲ့ဒီနေ့က တစ်နေကုန် ငိုခဲ့တယ်။Jungkook ချော့တာတောင် အငိုမရပ်ခဲ့ဘူး။

             ကျွန်တော်လည်း သူ့ကိုပြောချင်တာပေါ့။ကျွန်တော် သူ့ကို ဘယ်လောက်ထိချစ်ကြောင်းကို။

 
                အဲ့ဒီနေ့ကစပြီး Jungkook က အဲ့‌အကြောင်းကို ယောင်လို့တောင် မဟတော့ဘူး။ပြီးတော့ Love sign လေးတွေနဲ့ ဘယ်လောက်ချစ်ကြောင်း ပြခဲ့ကြတယ်။

                 "Tae က ရင့်ကျက်တယ်လို့ ထင်ရပေမယ့် ကလေးဆန်တယ်။တစ်ခါတစ်လေ ကျွန်တော် သတိလက်လွတ်‌ ငေးနေတဲ့အချိန်ဆို Tae ကရှက်နေရော"

 
             "ဟင်......Tae ဘာလို့ ငိုနေတာလဲ?မငိုနဲ့လေ Taeရဲ့။ဘယ်နားနာလို့‌လဲဟင်?"
             
            သူစိုးရိမ်တကြီးမေးလာတယ်။နောက်တော့ ကျွန်တော်ရဲ့ မျက်ဝန်းမှာ အဖြေရှာတွေ့သွားတယ်ထင်ရဲ့။

     "မဟုတ်မှ.....Taeပြန်မှတ်မိသွားပြီလား?"

           
                ကျွန်တော် မျက်တောင်ခတ်ပြလိုက်တော့ သူအတင်းအကြပ် ပွေ့ဖက်လာတယ်။

   
"ပျော်လိုက်တာTaeရယ်။  တစ်ရက်တည်းနဲ့တော့ မမှတ်မိနိုင်ဘူးထင်ထားတာ"

     
                မင်းကိုပြန်မှတ်မိသွားလို့ ငါလည်းအရမ်း‌ပျော်တယ်။ငါ့အထင် မေ့ပစ်ဖို့ကြိုးစားနေတဲ့ ဦးနှောက်ကို ငါ့ရဲ့ မင်းကိုချစ်တဲ့စိတ်က  အနိုင်ပိုင်းခဲ့တာ ဖြစ်မယ်။

                "ကျွန်တော် တောင်းပန်ပါတယ်
Tae ရဲ့အမေက ကျွန်တော့်ကို Tae နဲ့တွေ့ခွင့်မပေးလို့ ကျွန်တော်လည်း ကြံရာမရတာနဲ့ ဆေးရုံကနေ ခေါ်ထုတ်လာတာ"

Together in CycleWhere stories live. Discover now