ပေါင်ပေါင်ကအပျင်းကြီးတယ်
ဒါပေမဲ့ ကိုကို့ကိုမချစ်ဖို့စဉ်းစားရမှာပိုပျင်းတယ်"ပေါင်ပေါင် ကိုကိုမေးစရာရှိတယ်"
မေးစရာရှိရင်ဖြေဖို့အသင့်ဖြစ်ပီးသားပေါင်ပေါင်က
လူအဖြစ်ရှောင်းကျန့်ပေါ်မှာခွရက်လေး။
အမြဲတမ်းစွတ်ဆတ်ပြောင်းနေကျပဲမလို့ ဒီလူကြီးလဲ
ဥပုသ်ကျိုးရတာများပီ။အနီးနားကတွေ့ရာအကျီတစ်ထည်ကောက်စွတ်ပေးမှ
ပေါင်လယ်လောက်ဖုံးသွားလို့တော်သေး။"ရိပေါ် အမြဲတမ်းလူအဖြစ်ပဲနေလို့မရဘူးလားဟင်"
"ရတယ် ဒါလေးမရှိရင်"
"ဘယ်လိုဖြုတ်ရတာလဲ"
"ပေါင်ပေါင်ဖြုတ်မှရတာ ဒါပေမဲ့ဖြုတ်ပီးရင်
အချိန်အကန့်အသတ်မရှိပျောက်ကွယ်သွားရတယ်
သင့်တော်တဲ့တစ်ချိန်မှပြန်လာနိုင်တာ
ဒီတိုင်းနေရင် ကြောင်သက်တမ်းထိပဲအသက်ရှင်မှာ"ရိပေါ်ကလည်ပင်းဖြူဖြူလေးပေါ်ကလည်ပတ်ကို
ကိုင်ပီးမျက်နှာငယ်လေးနဲ့ရှင်းပြတယ်တယ်။
ရှောင်းကျန့်မျက်ခုံးပင့်လိုက်ပီး
လေးလေးနက်နက်စိုက်ကြည့်ကာပြောသည်။"ရိပေါ်သေချာနားထောင်နော်"
"အွန်း"
"ကိုကိုနဲ့အမြဲဒီလိုမနေချင်ဘူးလား"
"ဟင့်!!"
"ဝဲ့ ဘာလို့ငိုတာလဲကလေးလေးရဲ့"
"ကိုကိုက.. ကိုကိုက!"
"ကိုကိုကဘာဖြစ်လဲ"
"ပေါင်ပေါင်အမြဲလူဖြစ်နေရင်ဘယ်လိုချွဲလို့ရတော့မှာလဲ ရင်ဘတ်ပေါ်ရောဘယ်လိုတက်အိပ်လို့ရမှာလဲ
ပေါင်ပေါင့်ကို ကိုကိုကချီတော့မှာမဟုတ်ဘူးလေ ဟင့်""အာ ရိပေါ်လေးက"
"ပေါင်ပေါင်လို့ပဲခေါ် ကိုကိုကပေါင်ပေါင့်ကိုပဲချစ်တာမလား"
YOU ARE READING
If I'm Your Meow! [ Complete ]
Любовные романыပေါင်ပေါင်က ချွဲတယ် ပေါင်ပေါင်က ဆိုးတယ် ပေါင်ပေါင်က ဂျစ်ကန်ကန်နဲ့အပျင်းကြီးတယ် ပီးတော့ ပေါင်ပေါင်က ကိုကို့ ကိုချစ်တယ်...