[ ❤️MEOW❤️Uni ]

5.9K 686 12
                                    

ပေါင်ပေါင်ကကိုကို့ကိုချစ်တယ်
ဒါဟာ တရေးနိုးတိုင်းသတိတရထထပြောနေမယ့်
စကားဖြစ်တယ


ျွကန်တော့နာမည် ဝမ်ပေါင်ပေါင်
ကိုကိုကတော့ ပေါင်ပေါင်လို့ခေါ်တယ်။
ကျွန်တော့ရဲ့လွမ်းစရာပုံပြင်လေးကဒီမှာအဆုံးသတ်ခဲ့ပီ....။

သိုးမွှေးဆွယ်တာအနက်ရောင်လေးနဲ့
ဖြူဖြူလုံးလုံးကောင်လေးရဲ့လက်ထဲမှာ
Marigoldပန်းစည်လှလှလေးကနေရာယူလို့...
ကိုကိုကအနီရောင်ကြိုက်တယ်~~~

တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အချစ်ရှိရာအိမ်လေးဆီ
သို့ဦးတည်သည်။သူ့ရဲ့အိမ် သူပိုင်တဲ့အိမ် သူအရမ်းလွမ်းနေတဲ့ခေါင်မိုးအနီနဲ့အိမ်လေး။

ကိုယ်ပေါ်ဖြာကျနေတဲ့နေရောင်တစွန်းတဆက
အနှီကောင်လေးရဲ့အပြုံးတွေလောက်မတောက်ပဘူး။
သိပ်ချစ်ဖို့ကောင်းတဲ့ကောင်ငယ်လေးဟာ
အိမ်လေးရှေ့မှာနေရာယူပီးပီဖြစ်သည်။

knock~knock~

"အိုက်ယား မနက်အစောကြီးရှိသေး ဧည့်သည်ကလာ
ပြန်ပီလားကွာ အိပ်ရေးမဝသေးပါဘူးဆို"

မထမချင်းတဂေါက်ဂေါက်ခေါက်နေတဲ့သူကြောင့်
ရှောင်းကျန့်စိတ်တိုသွားသည်။စိတ်တိုဆုံးကအိပ်နေရင်လာနှိုးတာကိုပဲ။

ထိုးထိုးထောင်ထောင်နဲ့ခေါင်းကိုလက်နဲ့သပ်လိုက်ပီး
အိပ်ယာဘေးက ရှပ်လက်ရှည်ကိုကောက်စွပ်လိုက်သည်။
၂၆နှစ်ရှောင်းကျန့်ကတကယ်ဘယ်လိုနေနေ
ခန့်ချောကြီး...။

အိမ်တံခါကိုဆွဲဖွင့်လိုက်တော့ဘယ်သူမှမရှိ...
ဘယ်ကောင်ကလက်လာယားတာလဲ။
အော်ဆဲဖို့လုပ်လိုက်ပေမဲ့ ခြေထောက်နားကအရာတခုခုကြောင့်ငုံကြည့်လိုက်တော့ စက္ကူပုံးလေးတစ်ပုံး...။

"ဘာလဲဟ ငါလဲ ဘာပါဆယ်မှမမှာထားပါပဲ"

စက္ကူပုံးလေးကိုစိတ်ဝင်တစားဖွင့်လိုက်သည်။
သို့သော်~~~

"မနက်စောစောစီးစီးကွာ ငါ့ကိုအကုသိုလ်ရအောင်
လုပ်ပီ စက္ကူပုံးအလွတ်ကြီးကိုဘယ်ကောင်က
လက်သရမ်းခြေသရမ်းပီး လာချထားတာတုန်း...!"

If I'm Your Meow! [ Complete ]Where stories live. Discover now