နေရောင်ခြည်တွေကိုတောင်လျစ်လျူရှုနိုင်တဲ့
ပေါင်ပေါင်က ကိုကို့လောင်းရိပ်အောက်မှာပဲ
လွှမ်းမိုးခံချင်တာအိမ်ရှေ့မှာငုတ်တုတ်ထိုင်ပီးဘာလုပ်နေလဲမသိတဲ့
ဝက်ပေါက်က ခေါ်မကြားအော်မကြား။
ရီးစားရတာလား ကလေးရတာလားလဲတကယ်မသဲကွဲဘူး။"ပေါင်ပေါင်မိုးရွာနေပီ အိမ်ထဲလာတော့"
"ဟင့်အင်း"
အောင်မလေး လိမ္မာလိုက်တဲ့ဒီလိုကလေးမျိုး
၃ယောက်လောက်တောင်လင်တော်လိုက်ချင်တယ်။"ဘာလုပ်နေတာလဲ စိုကုန်တော့မယ်"
"ရေဆာလို့"
လက်ထဲမှာ ဝက်ပုံဖန်ခွက်ကြီးနဲ့...။
"ရေခဲသေတ္တာထဲကရေဘူးတွေက ရေချိုးဖို့လား"
"မိုးရေသောက်ချင်တာ မသောက်ဖူးဘူး"
"မိုးရေသောက်ချင် ချစ်သူကထားခဲ့တတ်တယ်တဲ့
ပုံပြင်ကြားဖူးတာ""ဟင် ဟုတ်လား သွားပီ ကိုကိုးးး"
ငိုသံကြီးနဲ့အော်ပီး အိမ်ထဲဝင်ပြေးလာကာ ရှောင်းကျန့်ပေါ် တက်ခွတဲ့ရိပေါ် ပါ...။
"ပေါင်ပေါင်တစ်ငုံသောက်လိုက်မိတယ် ကိုကို့ထားခဲ့
မှာလား မထားခဲ့ရဘူးနော် နော် ကိုကို"မျက်ရည်တွေဝဲပီးအော်ဟစ်နေတဲ့ဝက်ပေါက်က
သူလျှောက်ပြောသမျှယုံနေတော့တာပဲ။
ငဂျစ်ကလေးကိုစချင်သေးတာမို့ ရုပ်ကိုအတတ်နိုင်ဆုံး
တည်အောင်လုပ်ပီး ရုပ်ရှင်ရိုက်တော့သည်။"မသိဘူးလေ"
"မသိလို့မရဘူး ပေါင်ပေါင့်ကိုပဲချစ်လို့"
"တစ်ငုံသောက်လိုက်ပီမလား
ဗိုက်ထဲရောက်သွားပီလေ မတတ်နိုင်ဘူး
စကားမှနားမထောင်တာ""ပြန်ထုတ်မယ် ပြန်ထုတ်မယ်"
အတင်းဖက်ထားရာကနေ ရေချိုးခန်းထဲပြေးပြန်သည်။
![](https://img.wattpad.com/cover/228392996-288-k706195.jpg)
YOU ARE READING
If I'm Your Meow! [ Complete ]
Romantikပေါင်ပေါင်က ချွဲတယ် ပေါင်ပေါင်က ဆိုးတယ် ပေါင်ပေါင်က ဂျစ်ကန်ကန်နဲ့အပျင်းကြီးတယ် ပီးတော့ ပေါင်ပေါင်က ကိုကို့ ကိုချစ်တယ်...