ပေါင်ပေါင်ကကိုကို့ကိုချစ်တယ်
ဒါဟာ တရေးနိုးတိုင်းသတိတရထထပြောနေမယ့်
စကားဖြစ်တယ်ကျွန်တော့နာမည် ဝမ်ပေါင်ပေါင်
ကိုကိုကတော့ ပေါင်ပေါင်လို့ခေါ်တယ်။
ကျွန်တော့ရဲ့လွမ်းစရာပုံပြင်လေးကဒီမှာအဆုံးသတ်ခဲ့ပီ....။သိုးမွှေးဆွယ်တာအနက်ရောင်လေးနဲ့
ဖြူဖြူလုံးလုံးကောင်လေးရဲ့လက်ထဲမှာ
Marigoldပန်းစည်လှလှလေးကနေရာယူလို့...
ကိုကိုကအနီရောင်ကြိုက်တယ်~~~တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အချစ်ရှိရာအိမ်လေးဆီ
သို့ဦးတည်သည်။သူ့ရဲ့အိမ် သူပိုင်တဲ့အိမ် သူအရမ်းလွမ်းနေတဲ့ခေါင်မိုးအနီနဲ့အိမ်လေး။ကိုယ်ပေါ်ဖြာကျနေတဲ့နေရောင်တစွန်းတဆက
အနှီကောင်လေးရဲ့အပြုံးတွေလောက်မတောက်ပဘူး။
သိပ်ချစ်ဖို့ကောင်းတဲ့ကောင်ငယ်လေးဟာ
အိမ်လေးရှေ့မှာနေရာယူပီးပီဖြစ်သည်။knock~knock~
"အိုက်ယား မနက်အစောကြီးရှိသေး ဧည့်သည်ကလာ
ပြန်ပီလားကွာ အိပ်ရေးမဝသေးပါဘူးဆို"မထမချင်းတဂေါက်ဂေါက်ခေါက်နေတဲ့သူကြောင့်
ရှောင်းကျန့်စိတ်တိုသွားသည်။စိတ်တိုဆုံးကအိပ်နေရင်လာနှိုးတာကိုပဲ။ထိုးထိုးထောင်ထောင်နဲ့ခေါင်းကိုလက်နဲ့သပ်လိုက်ပီး
အိပ်ယာဘေးက ရှပ်လက်ရှည်ကိုကောက်စွပ်လိုက်သည်။
၂၆နှစ်ရှောင်းကျန့်ကတကယ်ဘယ်လိုနေနေ
ခန့်ချောကြီး...။အိမ်တံခါကိုဆွဲဖွင့်လိုက်တော့ဘယ်သူမှမရှိ...
ဘယ်ကောင်ကလက်လာယားတာလဲ။
အော်ဆဲဖို့လုပ်လိုက်ပေမဲ့ ခြေထောက်နားကအရာတခုခုကြောင့်ငုံကြည့်လိုက်တော့ စက္ကူပုံးလေးတစ်ပုံး...။"ဘာလဲဟ ငါလဲ ဘာပါဆယ်မှမမှာထားပါပဲ"
စက္ကူပုံးလေးကိုစိတ်ဝင်တစားဖွင့်လိုက်သည်။
သို့သော်~~~"မနက်စောစောစီးစီးကွာ ငါ့ကိုအကုသိုလ်ရအောင်
လုပ်ပီ စက္ကူပုံးအလွတ်ကြီးကိုဘယ်ကောင်က
လက်သရမ်းခြေသရမ်းပီး လာချထားတာတုန်း...!"
![](https://img.wattpad.com/cover/228392996-288-k706195.jpg)
YOU ARE READING
If I'm Your Meow! [ Complete ]
Romanceပေါင်ပေါင်က ချွဲတယ် ပေါင်ပေါင်က ဆိုးတယ် ပေါင်ပေါင်က ဂျစ်ကန်ကန်နဲ့အပျင်းကြီးတယ် ပီးတော့ ပေါင်ပေါင်က ကိုကို့ ကိုချစ်တယ်...