[ 🧡MEOW🧡 Uni ]

6.4K 759 34
                                    

ပေါင်ပေါင်ကဆိုးတယ

ါပေမဲ့ ကိုကို့စကားနားထောင်တယ

"ပေါင်ပေါင်ထတော့
မင်းကိုသခင်အသစ်နဲ့ပေးတွေ့ဖို့"

"မြှောင်~~~"

"ပေါင်ပေါင်ရားး ဘယ်နှစ်ခါရှိနေပီလဲအဲ့လိုလုပ်တာ"

ရှောင်းကျန့်အဲ့လောက်အော်ခေါ်နေတာတောင်
ပေါင်ပေါင်ကဆိုဖာလက်ရန်းမှာ ခြေထောက်လေးချောင်းလုံးကိုတွဲလောင်းချပီး
အိပ်နေတာ တုတ်တုတ်မှမလှုပ်။

"ဝမ်ပေါင်ပေါင်!!!"

အဲ့လိုနာမည်အရင်းလေးခေါ်ပီးဘီလူးဆိုင်းတီးမှ
ခြေဆောင့်ထွက်လာတယ်။
ဒီတယောက်နဲ့ဆိုပေးတွေ့တဲ့သခင် ၅ယောက်မြောက်။

ကုတ်လိုက်ဖဲ့လိုက် ပွတ်ပေးမလို့လုပ်တာနဲ့ ခွီးးးး!
ဆိုပီးလုပ်တော့ဘယ်သူကမွေးရဲမှာလဲ။
ပေါင်ပေါင်ကတစ်လက်ကိုင် ရှောင်းကျန့်မှရှောင်းကျန့်။

စိတ်ထဲမှာတော့အကြိမ်တစ်သိန်းလောက်အော်ပြော
ပီးနေပီ။ကိုကို့ကိုပဲချစ်တာ!ကိုကို့နားပဲနေချင်တာ!
ပေါင်ပေါင်လေးမသွားချင်တာကိုအတင်းပို့နေတာကိုကိုက...

မှုန်ကုပ်ကုပ်ရုပ်နဲ့ထွက်လာတဲ့ပေါင်ပေါင်ကို
ရှောင်းကျန့်ကပြေးပွေ့တယ်။ သခင်ဆိုတဲ့လူတွေ့တာနဲ့ပြေးကုပ် တတ်တာမို့လို့။

ရှောင်းကျန့်လက်ထဲမှာဆို ပေါင်ပေါင်ကကျောက်ကျော
ရေပက်တောင်မဟုတ်ဘူး ဂျယ်လီတုံးကိုအပူပေးလိုက်သလို့ ပျော့ခွေနေတာပဲ။

သခင်ဆိုတဲ့မိန်းမကြီးကိုပေါင်ပေါင်ကအထူးတဆန်း
ပြူးကြည့်တယ်။တကယ်ပါ သူ့သက်တမ်းတစ်လျှောက်တွေ့လာတဲ့ထဲ ဒီလိုရုပ်မျိုးကြီးတစ်ခါမှမမြင်ဖူးဘူး။

ရင်ဘတ်ကြီးက သူ့ကို ကိုကိုဝယ်ကျွေးနေကျ
Lau sa baau ပေါက်စီထက်တောင်ကြီးနေသေး။
နှုတ်ခမ်းရဲရဲကြီးကငရုတ်သီးပွတ်ခံထားရသလို
ပါးနှစ်ဖက်ကလဲ နပန်းသတ်ခံထားရသလိုနီရဲနေတာ။
ပေါင်ပေါင်ကြောက်တယ်ကိုကို။

If I'm Your Meow! [ Complete ]Where stories live. Discover now