ပေါင်ပေါင်က အချွဲပိုတယ်
ဒါပေမဲ့ ကိုကိုတစ်ယောက်ထဲကိုပဲ...ကျွန်တော့နာမည် ဝမ်ပေါင်ပေါင်
ကိုကိုကတော့ ပေါင်ပေါင်လို့ခေါ်တယ်။အတိတ်ကအကြောင်းပြောတွေပြန်ပြောရမယ်ဆို မိုးရာသီညနေခင်းကနေစရမယ်။
Beihaiရဲ့လမ်းဘေးတစ်နေရာကစက္ကူပုံးလေး
ထဲမှာပေါ့။ ရထားတဲ့ဒဏ်ရာပေါင်းများစွာက
မိုးလေတဖွဲဖွဲရဲ့အအေးဒဏ်ကြောင့်တဆစ်ဆစ်နာနေသည်။ဒဏ္ဍာရီလာလို့ပြောရမလား မှော်စွမ်းအင်လို့ပြောရမလား
ပေါင်ပေါင့်မျိုးနွယ်ကထူးခြားတဲ့ရှားပါးမျိုးစိတ်တစ်ခု။အရင်ပိုင်ရှင်မသိတဲ့ထူးခြားချက်ကတော့ အိပ်ချိန်၎နာရီထက်ကျော်ပီးနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားရင် လူသားလေးဖြစ်သွားတာပဲ။ပိုင်ရှင်ကလေးလေးကကြမ်းတမ်းတယ် မလိုရင်ဝရံတာကပစ်ချတတ်ပီး တခါတလေကန်ကြောက်တတ်သေး...။
ထွက်လဲမပြေးနိုင်သေးတော့လုပ်သမျှခံရတော့တာပဲ။အရေပြားနဲ့ပက်သက်တဲ့ရောဂါရှိလာတဲ့အခါမှာတော့ကိုအမွှေးတွေကျွတ်လာလို့ဆိုပီး
စွန့်ပစ်ခံလိုက်ရတယ်။ဒီလိုနဲ့ပဲပေါင်ပေါင်ဟာအသုံးမဝင်တဲ့ စွန်ပစ်ခံ
ပိန်ကပ်ကပ်ကြောင်လေးတစ်ကောင်အဖြစ်...နဲနဲလေးပဲဟနေတဲ့စက္ကူပုံးကြောင့်အသက်ရှူကြပ်လာတယ်။ရှိသေးတဲ့အားလေးနဲ့အနဲငယ်ရုန်းကြည့်တော့
စက္ကူပုံးကမှောက်သွားပီး ခန္ဓာကိုယ်ကပါအပြင်ထွက်သွားသည်။အကာကွယ်ပါမရှိဖြစ်သွားတဲ့ဝမ်ပေါင်လေးကမိုးရေထဲမှာအားအင်ကုန်ခမ်းကာတုန်ယင်နေပီ။
သူသေရတော့မှာလား...။ဒါပေမဲ့ထူးဆန်းစွာသူ့အပေါ်ကျနေတဲ့မိုးရေတွေရပ်သွားတယ်မျက်လုံးကိုအားယူကာဖွင့်တော့ထီးအပြာ
လေးနဲ့လမ်းမီးတိုင်အလင်းကိုကွယ်ထားတဲ့ပိန်သွယ်သွယ်အရိပ်လေးတစ်ခု။
YOU ARE READING
If I'm Your Meow! [ Complete ]
Romansaပေါင်ပေါင်က ချွဲတယ် ပေါင်ပေါင်က ဆိုးတယ် ပေါင်ပေါင်က ဂျစ်ကန်ကန်နဲ့အပျင်းကြီးတယ် ပီးတော့ ပေါင်ပေါင်က ကိုကို့ ကိုချစ်တယ်...