[ 💜MEOW💜Uni ]

6.1K 759 5
                                    

ပေါင်ပေါင်ကအပျင်းကြီးတယ်
ဒါပေမဲ့ ကိုကို့ကိုမချစ်ဖို့စဉ်းစားရမှာပိုပျင်းတယ်

"ပေါင်ပေါင် ကိုကိုမေးစရာရှိတယ်"

မေးစရာရှိရင်ဖြေဖို့အသင့်ဖြစ်ပီးသားပေါင်ပေါင်က
လူအဖြစ်ရှောင်းကျန့်ပေါ်မှာခွရက်လေး။
အမြဲတမ်းစွတ်ဆတ်ပြောင်းနေကျပဲမလို့ ဒီလူကြီးလဲ
ဥပုသ်ကျိုးရတာများပီ။

အနီးနားကတွေ့ရာအကျီတစ်ထည်ကောက်စွတ်ပေးမှ
ပေါင်လယ်လောက်ဖုံးသွားလို့တော်သေး။

"ရိပေါ် အမြဲတမ်းလူအဖြစ်ပဲနေလို့မရဘူးလားဟင်"

"ရတယ် ဒါလေးမရှိရင်"

"ဘယ်လိုဖြုတ်ရတာလဲ"

"ပေါင်ပေါင်ဖြုတ်မှရတာ ဒါပေမဲ့ဖြုတ်ပီးရင်
အချိန်အကန့်အသတ်မရှိပျောက်ကွယ်သွားရတယ်
သင့်တော်တဲ့တစ်ချိန်မှပြန်လာနိုင်တာ
ဒီတိုင်းနေရင် ကြောင်သက်တမ်းထိပဲအသက်ရှင်မှာ"

ရိပေါ်ကလည်ပင်းဖြူဖြူလေးပေါ်ကလည်ပတ်ကို
ကိုင်ပီးမျက်နှာငယ်လေးနဲ့ရှင်းပြတယ်တယ်။
ရှောင်းကျန့်မျက်ခုံးပင့်လိုက်ပီး
လေးလေးနက်နက်စိုက်ကြည့်ကာပြောသည်။

"ရိပေါ်သေချာနားထောင်နော်"

"အွန်း"

"ကိုကိုနဲ့အမြဲဒီလိုမနေချင်ဘူးလား"

"ဟင့်!!"

"ဝဲ့ ဘာလို့ငိုတာလဲကလေးလေးရဲ့"

"ကိုကိုက.. ကိုကိုက!"

"ကိုကိုကဘာဖြစ်လဲ"

"ပေါင်ပေါင်အမြဲလူဖြစ်နေရင်ဘယ်လိုချွဲလို့ရတော့မှာလဲ ရင်ဘတ်ပေါ်ရောဘယ်လိုတက်အိပ်လို့ရမှာလဲ
ပေါင်ပေါင့်ကို ကိုကိုကချီတော့မှာမဟုတ်ဘူးလေ ဟင့်"

"အာ ရိပေါ်လေးက"

"ပေါင်ပေါင်လို့ပဲခေါ် ကိုကိုကပေါင်ပေါင့်ကိုပဲချစ်တာမလား"

If I'm Your Meow! [ Complete ]Where stories live. Discover now